close

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတာဝန်ခံဟောင်း ဖမ်းဆီးခံရ

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မှတ်တမ်းနဲ့ သုတေသနတာဝန်ခံဟောင်း ကိုမျိုးသူရအောင်ကို စစ်ကောင်စီတပ်က ဇွန် ၃၀ ရက်မှာ မော်လမြိုင်ရှိ သူ့နေအိမ်မှာ ဖမ်းဆီသွားတယ်လို့ သမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။

ကိုမျိုးသူရအောင်ကို စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးဘူးလို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ ကိုမျိုးသူရအောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့ပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဖမ်းဆီးခံ ကိုမျိူးသူရအောင်ကို စစ်ကောင်စီတပ် စစ်ကြောရေးကို ပို့ဆောင်ထားပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ကျောင်းသူ၊ကျောင်းသား ၃၂ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ဘူမိဗေဒ ကျောင်းသား ကိုထက်ဝေထူးဟာ စစ်တပ် လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာ စပ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ ၅၀၀ နီးပါး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

//
Up