close

ကိုလံဘီယာ သမ္မတ

close

August 14, 2022

စစ်တပ်နှင့်ရဲတပ်ဖွဲတွင် တပ်မှူးသစ်များ ကိုလံဘီယာ သမ္မတ ခန့်အပ်

ကိုလံဘီယာသမ္မတ ဂတ်စ်တာဗို ပီထရိုဟာ သြဂုတ် ၁၂ ရက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့အတွက် တပ်မှူးအသစ်တွေ ခန့်အပ်ခဲ့ပြီး သူတို့ဟာ အဂတိလိုက်စားမှု သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ စွပ်စွဲမခံရသူတွေမို့လို့ ရွေးချယ်ခဲ့တာလို့ ပြောကြားလိုက်ပါတယ်။ 

ကိုလံဘီယာစစ်တပ်ကို ဝေဖန်သူဖြစ်ခဲ့တဲ့ ပီထရိုက လုံခြုံရေးတပ်ဖွဲ့တွေအတွက် လေးနက်တဲ့ အပြောင်းအလဲတွေကို ကတိပေးထားပြီး အသက်တွေကို အကာအကွယ်ပေးဖို့ အရာရှိသစ်တွေကို တိုက်တွန်းခဲ့ပါတယ်။ 

တပ်မှူးအသစ်တွေဟာ သူ့ရဲ့မဲဆွယ်စည်းရုံးမှုအတွင်း လူသားလုံခြုံရေးဆိုင်ရာ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ ညီညွတ်မှုရှိလို့ ချီးကျူးခံရသူတွေ ဖြစ်တယ်လို့လည်း ပီထရိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ပီထရိုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ စစ်သားတွေကို စစ်ဘက်ဆိုင်ရာ တရားရုံးတွေမှာထက် ပုံမှန်တရားရုံးတွေမှာ ရုံးတင်စစ်ဆေးသွားမှာဖြစ်ကြောင်း သူ့ရဲ့မဲဆွယ် စည်းရုံးမှုအတွင်း ကတိပေးထားတာပါ။ 

သူဟာ ကာကွယ်ရေးဝန်ကြီးဌာနမှ ရဲတွေကို ဖယ်ရှားပြီး သူ့ရဲ့ ESMAD အဓိကရုဏ်း နှိမ်နင်းရေးအဖွဲ့ကိုလည်း ဖျက်သိမ်းမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။  

ESMAD အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့ဟာ မကြာသေးမီက ဆန္ဒပြသူတွေ သေဆုံးမှုမှာ သူ့ရဲ့အခန်းကဏ္ဍအတွက် နိုင်ငံတကာရဲ့ ဝေဖန်မှု ခံနေရပါတယ်။ 

ပီထရိုက မူးယစ်ဆေးဝါးစစ်ပွဲဟာ ကျရှုံးမှုဖြစ်ပြီး အခုသီတင်းပတ်အတွင်း သူ့ရဲ့အဖွင့်မိန့်ခွန်းထဲမှာ လူကုန်ကူးမှု တိုက်ဖျက်ဖို့ နိုင်ငံတကာ မဟာဗျူဟာသစ်အတွက် တောင်းဆိုခဲ့ပါတယ်။

ကိုလံဘီယာလုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ နှစ်ပေါင်း ၆၀ နီးပါးအကြာ ပဋိပက္ခတွေအတွင်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့ သမိုင်းကြောင်းရှည် ရှိခဲ့ပါတယ်။ 

2 hours Ago

August 6, 2022

မူးယစ်ဆေးတားမြစ်ရေးစကားဝိုင်း ဘိုဂိုတာရှိ အမျိုးသားဗဟိုဌာနတွင် ကျင်းပရန် ကိုလံဘီယာ သမ္မတ တိုက်တွန်း

ကိုလံဘီယာနိုင်ငံဟာ လက်တင်အမေရိကရှိ မူးယစ်ဆေးဝါး တားမြစ်ချက်တွေကို အဆုံးသတ်ရေး စကားဝိုင်းကို ဘိုဂိုတာရှိ သမိုင်းဝင်အမှတ်တရ အမျိုးသားဗဟိုဌာနမှာ ကျင်းပသင့်ကြောင်း သြဂုတ်လ ၅ ရက်မှာ ကိုလံဘီယာရဲ့ရွေးကောက်ခံသမ္မတ ဂူစတာဗို ပီထရိုက ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင်  ပီထရိုဟာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အတွက် ပြောက်ကျားအုပ်စုတွေကို အားပေးအားမြှောက်ပြုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အာမခံချင်ကြောင်းလည်း ပြောသွားပါတယ်။ 

စင်တာမှာကျင်းပတဲ့ အခမ်းအနားအတွင်း လက်ရှိသမ္မတ ဒူကေးဟာ လူ့အခွင့်အရေး ပလက်ဖောင်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေဆီက စာတမ်းတစောင်ကိုလည်း လက်ခံရရှိထားပြီး အဲဒီမှာ လူမှုရေးခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသူတွေကို အကာအကွယ်ပေးမယ့် အစီအစဉ်တခုလည်း ပါဝင်ပါတယ်။ 

သြဂုတ် ၇ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တရားဝင်ဆောင်ရွက်ချက်အနေနဲ့ အစောပိုင်းမှာ ရွေးကောက်ခံသမ္မတ ပီထရိုဟာ လက်ရှိ ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးဆီက နိုင်ငံတော်အမိန့်စာနဲ့တကွ သမ္မတအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အဆောင်အယောင်တွေကို လက်ခံရရှိခဲ့ပါတယ်။

1 week Ago
Up