မူးယစ်ဆေးတားမြစ်ရေးစကားဝိုင်း ဘိုဂိုတာရှိ အမျိုးသားဗဟိုဌာနတွင် ကျင်းပရန် ကိုလံဘီယာ သမ္မတ တိုက်တွန်း

ကိုလံဘီယာနိုင်ငံဟာ လက်တင်အမေရိကရှိ မူးယစ်ဆေးဝါး တားမြစ်ချက်တွေကို အဆုံးသတ်ရေး စကားဝိုင်းကို ဘိုဂိုတာရှိ သမိုင်းဝင်အမှတ်တရ အမျိုးသားဗဟိုဌာနမှာ ကျင်းပသင့်ကြောင်း သြဂုတ်လ ၅ ရက်မှာ ကိုလံဘီယာရဲ့ရွေးကောက်ခံသမ္မတ ဂူစတာဗို ပီထရိုက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပီထရိုဟာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့အတွက် ပြောက်ကျားအုပ်စုတွေကို အားပေးအားမြှောက်ပြုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အာမခံချင်ကြောင်းလည်း ပြောသွားပါတယ်။
စင်တာမှာကျင်းပတဲ့ အခမ်းအနားအတွင်း လက်ရှိသမ္မတ ဒူကေးဟာ လူ့အခွင့်အရေး ပလက်ဖောင်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေဆီက စာတမ်းတစောင်ကိုလည်း လက်ခံရရှိထားပြီး အဲဒီမှာ လူမှုရေးခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသူတွေကို အကာအကွယ်ပေးမယ့် အစီအစဉ်တခုလည်း ပါဝင်ပါတယ်။
သြဂုတ် ၇ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တရားဝင်ဆောင်ရွက်ချက်အနေနဲ့ အစောပိုင်းမှာ ရွေးကောက်ခံသမ္မတ ပီထရိုဟာ လက်ရှိ ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးဆီက နိုင်ငံတော်အမိန့်စာနဲ့တကွ သမ္မတအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ အဆောင်အယောင်တွေကို လက်ခံရရှိခဲ့ပါတယ်။