close

ကုန်ကားမောင်းသမား

close

June 21, 2022

အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မြေပြိုပြီး ကုန်ကားမောင်းသမား ၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် ပွန့်ချ်ခရိုင်ထဲမှာ ဇွန်  ၁၉ ရက်က မိုးကြီးလို့ မြေပြိုခဲ့ပြီး ကုန်ကားတစီး အပျက်အစီးတွေအောက်မှာ နစ်မြုပ်ခဲ့လို့ ကုန်ကားမောင်းသူ သေဆုံးခဲ့တယ်လို့ ဒေသခံ အရာရှိတယောက်က ပြောပါတယ်။

လမ်းသွားလမ်းလာတွေက ကားမောင်းသူ လွတ်လာအောင် ကူညီနေတာကိုလည်း တွေ့ခဲ့ရပြီးဆိုင်တချို့လည်း မြေပြိုရာမှာ ပါသွားခဲ့ပါတယ်။

ဒီမြေပြိုမှုကြောင့်  မြို့တွင်းလမ်းပန်းဆက်သွယ်ရေးတွေ ထိခိုက်ခဲ့ရပြီး ကူညီ ကယ်ဆယ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ခေါ်ခဲ့ရပါတယ်။ အိန္ဒိယမှာ နှစ်စဉ် မိုးရာသီမှာ ရေကြီး မြေပြိုတာတွေကြောင့် လူသေဆုံးလေ့ ရှိပါတယ်။

10 mins Ago

April 27, 2022

ချီလီနိုင်ငံတွင် ကုန်ကားမောင်းသမားများ ဆန္ဒပြ

ချီလီနိုင်ငံမှာ ကုန်ကားမောင်းသူတွေဟာ အဝေးပြေးလမ်းပေါ် ရာဇဝတ်မှုတွေ များလာတာနဲ့ လမ်းတွေပျက်စီးနေတာကို မကျေနပ်လို့ ဧပြီ ၂၆ ရက်က ဆန္ဒပြကြပါတယ်။

စန်တီယေဂိုမြို့ ဆင်ခြေဖုံးမှာ မနက်အစောပိုင်း လမ်းကို ကုန်ကားတွေနဲ့ ပိတ်ဆို့၊ ကားဟွန်တွေတီးပြီး ဆန္ဒပြကြတာပါ။

အဝေးပြေးလမ်း လုံခြုံရေးနဲ့ ကားလမ်းပျက်နေတာကို အာဏာပိုင်တွေဘက်က တာဝန်မယူဘူးဆိုရင် ဒီထက်ကျယ်ပြန့်တဲ့ ပိတ်ဆို့သပိတ်တွေကို ပြုလုပ်သွားမယ်လို့ ကုန်ကားသမားတွေက ဆိုပါတယ်။

လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၊ ကားဆီဈေးနှုန်း ကျဆင်းရေးနဲ့ ဂိတ်ကြေး လျှော့ပေါ့ပေးရေးတို့ကိုလည်း တောင်းဆိုကြပါတယ်။

ကားပိုင်ရှင် ဖက်ဗီယံ မိုရာဂါက “ကားထွက်တဲ့အခါ လမ်းပေါ်မှာ ဘယ်အချိန် အသတ်ခံရမလဲ၊ အိမ်မှ ပြန်ရောက်နိုင်မလား၊ စိတ်ပူနေရတယ်။ အရင်တပတ်ကပဲ ကားသမားတယောက် အသတ်ခံလိုက်ရသေးတယ်။ ကျနော်တို့ ဒါတွေကို စိုးရိမ်တာပါ” လို့ ပြောပါတယ်။

လမ်းစည်းကမ်းချိုးဖောက်မှု၊ ပြည်သူလူထု မငြိမ်မသက်ဖြစ်အောင် ပြုလုပ်မှုနဲ့ ဆန္ဒပြသမား ၉ ယောက်ကို ထိန်းသိမ်းထားတယ်လို့ ချီလီအာဏာပိုင်တွေက ပြောပါတယ်။

2 months Ago
Up