close

ကုန်တင်ကားနောက်တွဲ

close

July 29, 2022

မက္ကဆီကိုတွင် ကုန်ကား‌နောက်တွဲထဲ စွန့်ပစ်ထားသည့် ရွှေ့ပြောင်းနေထိုင်သူ ၉၈ ဦး တွေ့ရှိ

မက္ကဆီကို အာဏာပိုင်တွေဟာ ဇူလိုင် ၂၇ ရက်က ဗေရာခရုဇ်ပြည်နယ် တောင်ပိုင်းက အကာယုကာမြို့မှာ ကုန်တင်ကားနောက်တွဲထဲ စွန့်ပစ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၉၈ ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

နောက်တွဲယာဉ်ထဲမှာ လူ ၄၀၀ လောက် လိုက်ပါလာခဲ့တယ်လို့ ယူဆရကြောင်း ရွှေ့ပြောင်းသူတွေကို ကုသပေးနေတဲ့ ဒေသခံ အရပ်ဘက်ကာကွယ်ရေးအဖွဲ့မှ ဆေးမှူးတဦးက ပြောပါတယ်။

ဒူးနဲ့ ခြေကျင်းဝတ်ဒဏ်ရာတွေ ရထားကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကုသပေးခဲ့ပြီး သတိလစ် မေ့မြောနေသူတဦးကို ဆေးရုံပို့ထားကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ပြောပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ရာနဲ့ချီတဲ့ ဗဟိုအမေရိကနိုင်ငံက လူတွေဟာ မက္ကဆီကိုမှတဆင့် အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတာပါ။

မကြာသေးခင်ကလည်း ကျူးဘားနဲ့ ဟေတီတို့လို တခြားနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အနေနဲ့ မက္ကဆီကိုကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပါတယ်။

13 mins Ago

October 23, 2019

လန်ဒန်မြို့တွင် ကုန်တင်ကားနောက်တွဲထဲက လူသေအလောင်း ၃၉‌ လောင်းတွေ့ရှိ 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ပိုင်းက စက်မှုနယ်မြေတခုမှာ  ကုန်တင်ကားနောက်တွဲထဲ အလောင်းပေါင်း ၃၉‌လောင်းကို အောက်တိုဘာ ၂၃ရက်နေ့မှာ ဗြိတိန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ အဲဒီကုန်တင်ကားဟာ ဘူလ်ဂေးရီးယားနိုင်ငံက ရောက်လာတာ ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်နေ့မှာ ဝေလနယ် ဟိုလီဟတ်မြို့ကနေတဆင့် ဗြိတိန်နိုင်ငံထဲကို ရောက်လာတာလို့ ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ မြောက်အိုင်ယာလန် ဇာတိ အသက် ၂၅ နှစ်အရွယ် ကုန်တင်ကား ဒရိုင်ဘာကို လူသတ် သံသယမှုနဲ့ ဖမ်းဆီးထားပါတယ်။ အလောင်းတွေကို စစ်ဆေးနေပြီး အဲဒီလုပ်ငန်းစဉ်က အချိန်ကြာနိုင်တယ်လို့ ရဲမှူးချုပ် အန်ဒရူးမာရီနာက ပြောပါတယ်။ လန်ဒန်မြို့အလယ်ပိုင်းကနေ မိုင် ၂၀ ဝေးတဲ့ ဂရေးစ်မြို့က ဝါးတာဂလိတ် စက်မှုနယ်မြေထဲက ကုန်တင်ကားတစီးထဲမှာ အလောင်းတွေကို တွေ့ခဲ့ရတာလို့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ အလောင်း ၃၉ လောင်းအနက် ၃၈ လောင်းက အရွယ်ရောက်ပြီးသူတွေ ဖြစ်ကြပြီး ကျန်တလောင်းကတော့ ဆယ်ကျော်သက်ဖြစ်ကာ တွေ့ချိန်မှာ အားလုံး သေဆုံးပြီး ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
3 years Ago
Up