မက္ကဆီကိုတွင် ကုန်ကားနောက်တွဲထဲ စွန့်ပစ်ထားသည့် ရွှေ့ပြောင်းနေထိုင်သူ ၉၈ ဦး တွေ့ရှိ

မက္ကဆီကို အာဏာပိုင်တွေဟာ ဇူလိုင် ၂၇ ရက်က ဗေရာခရုဇ်ပြည်နယ် တောင်ပိုင်းက အကာယုကာမြို့မှာ ကုန်တင်ကားနောက်တွဲထဲ စွန့်ပစ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၉၈ ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နောက်တွဲယာဉ်ထဲမှာ လူ ၄၀၀ လောက် လိုက်ပါလာခဲ့တယ်လို့ ယူဆရကြောင်း ရွှေ့ပြောင်းသူတွေကို ကုသပေးနေတဲ့ ဒေသခံ အရပ်ဘက်ကာကွယ်ရေးအဖွဲ့မှ ဆေးမှူးတဦးက ပြောပါတယ်။
ဒူးနဲ့ ခြေကျင်းဝတ်ဒဏ်ရာတွေ ရထားကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကုသပေးခဲ့ပြီး သတိလစ် မေ့မြောနေသူတဦးကို ဆေးရုံပို့ထားကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ပြောပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ရာနဲ့ချီတဲ့ ဗဟိုအမေရိကနိုင်ငံက လူတွေဟာ မက္ကဆီကိုမှတဆင့် အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတာပါ။
မကြာသေးခင်ကလည်း ကျူးဘားနဲ့ ဟေတီတို့လို တခြားနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အနေနဲ့ မက္ကဆီကိုကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပါတယ်။