close

ကုလအကြီးအကဲ

close

July 26, 2022

သေဒဏ်ပေးကွပ်မျက်မှုအပေါ် ကုလအကြီးအကဲ အပြင်းအထန် ရှုတ်ချ

ဒီမိုကရေစီအရေးလှုပ်ရှားသူ  ၄ ဦးကို မြန်မာ စစ်တပ်က သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အပေါ်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတာရပ်စ်က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  ပြောရေးဆိုခွင့်ရှိသူက  ဇူလိုင်လ ၂၅ ရက်မှာ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်တာပါ။

ဘယ်အခြေအနေမှာမဆို သေဒဏ်ပေးတာကို အတွင်းရေးမှူးချုပ်က ကန့်ကွက်ဆန့်ကျင်ကြောင်း ကုလသမဂ္ဂ  လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟတ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အခုလို သေဒဏ်ပေး ကွက်မျက်မှုဟာ  မြန်မာနိုင်ငံမှာ အလွန့်အလွန်ဆိုးရွားနေတဲ့ လူ့အခွင့်အရေး အခြေအနေကို ပိုလို့ ယိုယွင်းဆိုးရွားလာစေတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က  ပြောပါတယ်။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် မြန်မာစစ်တပ်က တရားလက်လွတ် ဥပဒေမဲ့ ဖမ်းဆီးထားခဲ့တဲ့ အကျဉ်းသားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ကိုလည်း ကုလသမဂ္ဂ အကြီးအကဲက  ထပ်မံတောင်းဆိုခဲ့ပါတယ်။

3 months Ago

June 5, 2022

သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့် ကတိများ မစောင့်ထိန်းသဖြင့် ကမ္ဘာကြီး ပျက်စီးနေဟု ကုလအကြီးအကဲပြော

သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ကတိတွေကို မစောင့်ထိန်းကြတာကြောင့် ကမ္ဘာ့နေရာ အများစုကြီးမှာ ထိခိုက်ပျက်စီးစေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ 

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာကျင်းပခဲ့တဲ့  ကုလသမဂ္ဂရဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၄၅  ရာခိုင်နှုန်း လျှော့ချရမှာဖြစ်ပြီး ၂၀၅၀ ခုနှစ်မှာ သုည ကို ရောက်ရှိရမှာဖြစ်ကြောင်း ဂူတားရက်စ်က ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုဖောက်ပြန်မှုကို လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်နိုင်ဖို့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အနည်းဆုံး နှစ်ဆ ပံ့ပိုးပေးရမှာဖြစ်တယ်လို့လည်း  ကုလသမဂ္ဂအကြီးအကဲက ပြောပါတယ်။

ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနဲ့ ညစ်ညမ်းမှု စတဲ့ အကျပ်အတည်း ၃ မျိုးကို ရင်ဆိုင်နေရတာကြောင့် “ Stockholm+50- အားလုံး သာယာဝပြောရေးအတွက် ကျန်းမာတဲ့ကမ္ဘာကြီးတခု၊ တို့တာဝန်၊ တို့အခွင့်အရေး” လို့ နာမည်ပေးထားတဲ့ကို အစည်းအဝေးကို ဇွန် ၂ ရက်ကနေ ဇွန် ၃ ရက်အထိ ၂ ရက်ကြာ  ခေါ်ယူကျင်းပခဲ့တာပါ။

Photo-UN

5 months Ago
Up