ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စပိန်နောက်ခံလူကို မန်စီးတီးအသင်းကလည်း ဇင်ချန်ကိုရဲ့နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားခဲ့ပေမဲ့ ချဲလ်ဆီးအသင်းက ကြားဖြတ်ခေါ်ယူဖို့ နီးစပ်လာခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ကူကူရယ်လာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရခဲ့သလို မိခင်ကလပ် ဘရိုက်တန်နဲ့လည်း ပေါင် ၅၂ သန်းခွဲနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တယ်လို့ သတင်းထွက်ပေါ်နေတာပါ။
ဒါပေမဲ့ ဘရိုက်တန်အသင်းဘက်ကတော့ နောက်ခံလူ ကူကူရယ်လာကို ရောင်းချဖို့ ဘယ်အသင်းနဲ့မှ သဘောတူညီထားတာ မရှိကြောင်း ရှင်းလင်းချက် ထုတ်ထားပါတယ်။
အပြောင်းအရွှေ့သတင်းတွေမှာ ယုံကြည်ရတဲ့ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကတော့ ကူကူရယ်လာအတွက် ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့ ပေါင်သန်း ၅ဝ ကျော်နဲ့ သဘောတူညီမှု ရခဲ့ပြီလို့ ရေးသားထားပါတယ်။
မန်စီးတီးအသင်းဟာ ဘရိုက်တန်အသင်းက စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာကိုခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာပါတယ်။
ကူကူရယ်လာဟာ အက်စ်ပန်ညိုကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲ လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ မန်စီးတီးအသင်းဆီပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာပါ။
အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားသလို မန်စီးတီးဘက်ကလည်း ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းထားတာပါ။
ဘယ်နောက်ခံလူ ဇင်ချန်ကို ကို အာဆင်နယ်ဆီရောင်းချခဲ့တဲ့ မန်စီးတီးဟာ ကူကူရယ်လာကို နံပါတ်တစ် ပစ်မှတ်အနေနဲ့ သတ်မှတ်ထားပြီး ရက်ပိုင်းအတွင်းမှာ ခေါ်ယူနိုင်ဖို့ရှိနေပါတယ်။
အသက် ၂၄ နှစ်ရှိ ဘာစီလိုနာ အကယ်ဒမီထွက်ကစားသမားဟာ ၂၀၂၁ ခုနှစ်ကမှ ဂီတာဖေးကနေတဆင့် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။