close

ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကိုခေါ်ယူနိုင်ရန် မန်စီးတီးအသင်း နီးစပ်

မန်စီးတီးအသင်းဟာ ဘရိုက်တန်အသင်းက စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာကိုခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာပါတယ်။ 

ကူကူရယ်လာဟာ အက်စ်ပန်ညိုကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲ လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ မန်စီးတီးအသင်းဆီပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာပါ။

အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားသလို မန်စီးတီးဘက်ကလည်း ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းထားတာပါ။ 

ဘယ်နောက်ခံလူ ဇင်ချန်ကို ကို အာဆင်နယ်ဆီရောင်းချခဲ့တဲ့ မန်စီးတီးဟာ ကူကူရယ်လာကို နံပါတ်တစ် ပစ်မှတ်အနေနဲ့ သတ်မှတ်ထားပြီး ရက်ပိုင်းအတွင်းမှာ ခေါ်ယူနိုင်ဖို့ရှိနေပါတယ်။

အသက် ၂၄ နှစ်ရှိ ဘာစီလိုနာ အကယ်ဒမီထွက်ကစားသမားဟာ  ၂၀၂၁ ခုနှစ်ကမှ ဂီတာဖေးကနေတဆင့် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

//
Up