close

ကူးစက်မှုမြင့်

close

January 6, 2022

ထိုင်းတွင် နှစ်သစ်ကူးကာလ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မား ၊ ကာကွယ်ရေးစီမံချက်တိုးမြှင့်

ထိုင်းနိုင်ငံမှာ ဒီ ၂၀၂၂ နှစ်သစ်ကူးကာလတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှစ်ဆနီးပါး မြင့်မားလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ရေးအဆင့် ထပ်မံတိုးမြှင့်လိုက်ပါ တယ်။

ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာသစ် ၅၇၇၅ ဦးရှိပြီး ယမန်နေ့က ၃၀၀၀ ကျော်သာရှိတာမို့ နှစ်ဆနီးပါးခုန်တက်သွာတာပြီး အိုမီခရွန်ပိုးကူးစက်မှုဟာလည်း ဒီနှစ်သစ်ကူးကာလနောက်ပိုင်းမှာ နိုင်ငံအနှံ့အလျင်အမြန်ကူးစက်သွားခဲ့ပါတယ်။

အထူးသဖြင့် ချွန်းပူးရီးခရိုင်ဟာ ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘန်ကောက်ကို ကျော်သွားပြီလို့ ထိုင်းပြည်သူ့ကျန်းမာရေးဌာန ရောဂါထိန်းချုပ်ရေးညွှန်ကြားရေးမှူး ဒေါက်တာ အိုဖတ်ကန်ကဝင်းဖုန်းက ဒီမနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

တကယ်လို့သာ ကာကွယ်ရေးစီမံချက်မတိုးမြှင့်ပါက  ပြည်သူတွေကလည်းပူးပေါင်းလိုက်နာ မှုမရှိရင် ရက်ပိုင်းအတွင်းမှာပဲ ကူးစက်သူဦးရေ တစ်နေ့ကို ၁၀၀၀၀ ကျော်ထိ ရောက်လာမှာဖြစ်ကြောင်း၊ ဒါကြောင့် ကာကွယ်ရေးအဆင့်တွေ တိုးမြှင့်ရမယ်လို့ ဆိုပါတယ်။ 

အဆိုပါ စီမံချက်အဆင့်ဆင့်ကတော့ ကူးစက်မှုဖြစ်ပွားနိုင်တဲ့ နေရာတွေကိုပိတ်ထားဖို့၊ ခရိုင်ဖြတ်ကျော်ခရီးသွားလာမှုတွေဆိုင်းငံ့ပြီး WFH (work from home) အိမ်ကနေပဲ အလုပ်လုပ်ဖို့၊ ကူးစက်မှုမြင့်မားနေတဲ့ ဒေသတွေကို ဇုန်အလိုက်သတ်မှတ်နှိမ်နင်းဖို့၊ VUCA ဆိုတဲ့ ကာကွယ်ဆေးထိုး၊ လူစည်ကားပြွတ်သိပ်မှုကိုရှောင်ကြဉ်၊ ကိုဗစ်ကင်းစင်တဲ့နေရာမှာ ရွေးပြီးနေဖို့နဲ့  မိမိဖာသာ ATK ကိရိယာနဲ့ ပုံမှန်စစ်ဆေးဖို့ အချက်တွေပါဝင်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမကုန်ခင်ထိ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေးထိုးထားသူတွေအနေနဲ့ အိုမီခရွန်ပါ ကာကွယ်နိုင်အောင် တတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးဖို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ခရီးသွားရာက ပြန်လာသူတွေအနေနဲ့ ၁၄ ရက်တာ မိမိအခြေအနေကို သတိထား စောင့်ကြည့်နေဖို့၊ ထူးခြားတဲ့လက္ခဏာရှိပါက အရေးပေါ်ဖုန်းလိုင်း ၁၃၃၀ ကို ဆက်သွယ်ဖို့ ဒေါက်တာ အိုဖတ်က ပြောပါတယ်။ 

ထိုင်းနိုင်ငံရဲ့ အိုမီခရွန်ကူးစက်မှုအခြေအနေမှာ ဇန်နဝါရီလ ၄ ရက်နေ့ထိ ၂၀၆၂ ဦးရှိပြီး ခရိုင်ပေါင်း ၅၄ ခုထိပျံ့နှံ့နေပြီဖြစ်ကြောင်း၊ နိုင်ငံခြားပြန်တွေဆီကနေ ၁၁၅၀ ဦး၊ ပြည်တွင်းကူးစက်မှု ၉၅၇ ဦးရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ကိုဗစ်-၁၉ အခြေအနေမှာတော့ ဒီကနေ့မှာ ကူးစက်ခံရသူအသစ် ၅၇၇၅ ဦး သေဆုံးသူ ၁၁ ဦး သက်သာပျောက်ကင်းသူ ၂၆၇၃ ဦးရှိပါတယ်၊ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစ ဒီနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၂၄၅၂၅၀ ဦး၊ သက်သာပျောက်ကင်းသူ ၂၁၈၅၅၀၂ ဦးနဲ့ သေဆုံးသူ ၂၁၇၈၀ ဦးရှိပါတယ်။ 

9 mins Ago

September 18, 2021

အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်၊ သေဆုံးမှုနှုန်း လျော့ကျလာ

       အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှုန်းမြင့်တက်နေပေမယ့် သေဆုံးမှုနှုန်းကတော့ လျော့ကျလာခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

       ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ အာဆီယံဒေသတွင်း ၁,၃၄၅ ယောက်ရှိခဲ့ပြီး အရင်နေ့က သေဆုံးမှုစုစုပေါင်း ၁,၄၆၀ ထက် ပိုပြီးတော့ လျော့နည်းလာခဲ့တာပါ။

ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၇၂,၀၇၁ ယောက်နဲ့ အရင်နေ့က ၇၁,၀၀၀ ကျော်ထက် ပိုပြီးတော့ မြင့်တက်လာနေခဲ့တယ်လို့ ဆိုပါတယ်။

       လတ်တလောအချိန်ထိ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁ ဒသမ ၃၃ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၂၄၉,၇၁၁ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

       ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ အသက် ၆၉ နှစ်အရွယ် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက တတိယအကြိမ် အားဖြည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့ပြီး သူက သက်ကြီးရွယ်အိုတွေအနေနဲ့ နိုင်ငံတဝန်း ရောဂါကူးစက်မှုလှိုင်းသစ်မှာ ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

စင်ကာပူအစိုးရအနေနဲ့ အသက် ၆၀ အထက်နိုင်ငံသားတွေအားလုံး သုံးကြိမ်မြောက် အားဖြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံကာကွယ်ကြဖို့ အစောပိုင်းကတည်းက ကြေညာထားခဲ့တာပါ။

       တချိန်တည်းမှာပဲ အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၃,၈၃၅ ယောက်နဲ့ သေဆုံးသူ ၂၁၉ ယောက်ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၄ ဒသမ ၁၈ သန်းကျော်နဲ့ သေဆုံးသူ ၁၄၀,၀၀၀ ကျော် ရှိလာပါတယ်။ 

အာဏာပိုင်တွေကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ မြို့တော် ဂျကာတာမှာ နေထိုင်သူတွေကို Pfizer ဒါမှမဟုတ် Moderna ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ ကြေညာထား ခဲ့ပြီး အသက် ၁၂ နှစ်နဲ့အထက် ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုတော့ Pfizer ကာကွယ်ဆေး၊ အသက် ၁၈ နှစ်နဲ့အထက်တွေကိုတော့ Moderna ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

       လတ်တလောအချိန်ထိ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် ရှိနေပြီး သူ့နောက်မှာ ဗီယက်နမ်နိုင်ငံက ကူးစက်ခံရသူပေါင်း ၆ သိန်းကျော်၊ မြန်မာနိုင်ငံက ၄ သိန်းကျော်စီနဲ့ အသီးသီး ရပ်တည်နေတာ ဖြစ်ပါတယ်။

4 months Ago
Up