close

ကူးစက်မှုအသစ်

close

August 1, 2022

ကိုဗစ်-၁၉ ကူးစက်မှုအသစ် မရှိဟု မြောက်ကိုရီးယား ကြေညာ

အထီးကျန်မြောက်ကိုရီးယားနိုင်ငံဟာ မေလလယ်မှာ  ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကို အသိအမှတ်ပြုပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၃၀ ရက်မှာ ကူးစက်မှုအသစ်မရှိဘူးလို့ နိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ရွှေ့လျားကုသရေးတပ်ဖွဲ့ကို အဆင့်မြင့် တပ်လှန့်ထားဆဲ ဖြစ်ပြီး နောက်ဆုံးလူနာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာချိန် အထိ ကပ်ရောဂါကို "ရှာဖွေတွေ့ရှိ နှိမ်နင်းဖို့" ကြိုးပမ်းဆောင်ရွက် နေတယ်လို့ KCNA သတင်းဌာနက ပြောခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက်အထိ အဖျားရောဂါလူနာ ၂၀၄ ဦးကို ကုသပေးနေတယ်လို့လည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဧပြီလနှောင်းပိုင်း ကစပြီး မြောက်ကိုရီးယားမှာ အဖျားရောဂါဝေဒနာရှင် ၄ ဒသမ ၇၇ သန်းရဲ့  ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းဟာ အပြည့်အဝ နေပြန်ကောင်းလာပေမဲ့ မစမ်းသပ်ထားလို့ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်ကို ကိန်းဂဏန်း နဲ့ မထုတ်ပြန်ဘူးလို့ KCNA က ပြောပါတယ်။

ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားရဲ့ တိုးတက်မှုအပေါ် သံသယဝင်နေ ကြတာပါ။

အမှီအခို ကင်းတဲ့ အချက်အလက် ကင်းမဲ့နေတဲ့ကြားက အခြေအနေ ပိုကောင်းလာတာထက် စာရင်  ပိုဆိုးလာတာဖြစ်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက ပြီးခဲ့တဲ့လမှာ ပြောခဲ့ပါတယ်။

7 mins Ago

October 6, 2021

တရက်တည်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၁,၅၀၀ ကျော်၊ စုစုပေါင်း ၄၇၀,၀၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ကူးစက်ခံ ရသူ စုစုပေါင်း ၄၇၀,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေအ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၁၃၅ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၂၆ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ဒါ့အပြင် ထပ်မံသေဆုံးသူ ၃၆ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းသက်သာ လာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၂၅၀ ယောက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၉၅၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၇၁,၃၀၈ ယောက် ရှိနေပါတယ်။

ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

ကာကွယ်ဆေး ထိုးနှံမှုအနေနဲ့ ပြီးခဲ့တဲ့ စစ်ကောင်စီ ကျန်းမာရေးဌာန ထုတ်ပြန်တဲ့ ကိန်း ဂဏန်းအချက်အလက်တွေအရ အောက်တိုဘာ ၂ ရက်နေ့အထိ အကြိမ်ပြည့် ၂ ကြိမ်ထိုးနှံ ပြီးသူ ၃ ဒသမ ၈၇ သန်းကျော်၊ ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၅၁ သန်းကျော်နဲ့ စုစုပေါင်း လူဦးရေ ၈ ဒသမ ၃၉ သန်းကျေိာ် ထိုးနှံပြီးစီးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

10 months Ago
Up