close

ကူးစက်မှု

close

February 11, 2022

ထိုင်းတွင် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်

ထိုင်းနိုင်ငံက အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာတာမို့ အစိုးရက ကာကွယ်ဆေးထိုးနှံမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေရတယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံကြီးကြပ်ရေးစင်တာ (စီစီအက်စ်အေ)က ပြောပါတယ်။

စီစီအက်စ်အေရဲ့ ပြောရေးဆိုခွင့်ရသူ ဒေါက်တာ ထဝီဆစ်လ်ပ် ဗီဆနူရိုထင်က ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာလအတွင်း အဆိုပါ အသက်အရွယ်ပိုင်းအလိုက် ကလေးတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာကနေ ဒီဇင်ဘာ ကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ၁ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂၀၂၁ ခုနှစ်၊ ဧပြီကနေ ဒီဇင်ဘာအတွင်း ၆ ဒသမ ၂ ရာခိုင်နှုန်းထိ မြင့်တက် လာခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အတွင်းမှာတော့ ၆ ဒသမ ၆ ရာခိုင်နှုန်းထိ ထပ်ပြီးတော့ ရောဂါကူးစက်မှုနှုန်းတွေ မြင့်တက်နေခဲ့တာလို့ သူက ပြောပါ တယ်။

ဖေဖော်ဝါရီ ၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ အသက် ၅ နှစ်ကနေ ၁၁ နှစ် ကြား ကလေးငယ်တွေအရေအတွက်ကတော့ ၁၃၇,၂၆၂ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံတဝန်း ကလေးငယ်တွေဆီ ရောဂါကူးစက်မှုရာခိုင်နှုန်းဟာ ဗီဇ ပြောင်း ဒယ်လ်တာနဲ့ အိုမီခရွန်ရောဂါကူးစက်ပျံ့ပွားမှုကြောင့် ပိုပြီးတော့ မြင့်တက်လာခဲ့ တာလို့ ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။

ဒါကြောင့်မို့ အဆိုပါ အသက်အရွယ်အပိုင်းအခြားအုပ်စုထဲက ကလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွေကို တိုးမြှင့်သွားရမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတဝန်း အသက် ၅ နှစ်ကနေ ၁၁ နှစ် ကြား ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံ မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က စတင်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းတွေမှာတော့ ဖေဖော်ဝါရီ ၇ ရက်မှာ စတင်ပြီးတော့ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

စီစီအက်စ်အေအနေနဲ့ ကလေးငယ်တွေကို Sinovac ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံနိုင် ကြောင်း ခွင့်ပြုပေးခဲ့ပြီဖြစ်ပေမယ့်လည်း ကလေးငယ်တွေရဲ့ မိဘတွေကတော့ ကာကွယ်ဆေးထိုးနှံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေကြဆဲဖြစ်တယ်လို့ ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။

3 mins Ago

November 11, 2020

အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်ဆက်လက်မြင့်တက်  

နိုဝင်ဘာ ၁၀ ရက်မှာ အမေရိကန်မှာ တရက်တည်း ကူးစက်ခံလူနာပေါင်း ၁၃၄,၀၀၀ ထက်မနည်း ကူးစက်ခံခဲ့ရပြီး ကျန်ခဲ့တဲ့သီတင်းပတ်အတွင်း နေ့စဉ် ပျမ်းမျှကူးစက်ခံ လူနာသစ် ၁၂၀,၀၀၀ လောက် ရှိခဲ့တယ်လို့ အမေရိကန်အစိုးရက အစီရင်ခံထားပါတယ်။ အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၁၀ ရက် တရက်တည်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာသစ်စံချိန်တင် မြင့်တက်ခဲ့ပြီး ဒါဟာ ၇ ရက်ဆက်တိုက် ဆင့်ကဲစံချိန်တင်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ တရက်အတွင်း ကူးစက်ခံ သေဆုံးသူ ဦးရေဟာလည်း သြဂုတ်လကတည်းက ခုထိ အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ နေ့စဉ် ကူးစက်ခံ သေဆုံးသူဟာလည်း ပျမ်းမျှ ၁,၄၅၀ ရှိခဲ့ပါတယ်။ ကူးစက်ခံ ဆေးရုံတင် ကုသရတဲ့နှုန်းကလည်း အမြန်ဆက်လက်မြင့်တက်နေပြီး နိုဝင်ဘာ ၁၀ ရက်မှာ ၆၁,၄၇၁ ယောက် ရှိခဲ့လို့ ကပ်ဘေးစကတည်းက ခုထိ အမြင့်ဆုံး အရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံထဲမှာ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီအထိ အတည်ပြုထားတဲ့ ကူးစက်ခံ လူဦးရေ ၁,၀၅၇,၀၀၀ လောက် ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေ ၂၄၆,၀၀၀ နီးပါး ရှိထားပါတယ်။
1 year Ago
Up