close

ထိုင်းတွင် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်

ထိုင်းနိုင်ငံက အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာတာမို့ အစိုးရက ကာကွယ်ဆေးထိုးနှံမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေရတယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံကြီးကြပ်ရေးစင်တာ (စီစီအက်စ်အေ)က ပြောပါတယ်။

စီစီအက်စ်အေရဲ့ ပြောရေးဆိုခွင့်ရသူ ဒေါက်တာ ထဝီဆစ်လ်ပ် ဗီဆနူရိုထင်က ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာလအတွင်း အဆိုပါ အသက်အရွယ်ပိုင်းအလိုက် ကလေးတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာကနေ ဒီဇင်ဘာ ကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ၁ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂၀၂၁ ခုနှစ်၊ ဧပြီကနေ ဒီဇင်ဘာအတွင်း ၆ ဒသမ ၂ ရာခိုင်နှုန်းထိ မြင့်တက် လာခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အတွင်းမှာတော့ ၆ ဒသမ ၆ ရာခိုင်နှုန်းထိ ထပ်ပြီးတော့ ရောဂါကူးစက်မှုနှုန်းတွေ မြင့်တက်နေခဲ့တာလို့ သူက ပြောပါ တယ်။

ဖေဖော်ဝါရီ ၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ အသက် ၅ နှစ်ကနေ ၁၁ နှစ် ကြား ကလေးငယ်တွေအရေအတွက်ကတော့ ၁၃၇,၂၆၂ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံတဝန်း ကလေးငယ်တွေဆီ ရောဂါကူးစက်မှုရာခိုင်နှုန်းဟာ ဗီဇ ပြောင်း ဒယ်လ်တာနဲ့ အိုမီခရွန်ရောဂါကူးစက်ပျံ့ပွားမှုကြောင့် ပိုပြီးတော့ မြင့်တက်လာခဲ့ တာလို့ ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။

ဒါကြောင့်မို့ အဆိုပါ အသက်အရွယ်အပိုင်းအခြားအုပ်စုထဲက ကလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုတွေကို တိုးမြှင့်သွားရမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတဝန်း အသက် ၅ နှစ်ကနေ ၁၁ နှစ် ကြား ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံ မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က စတင်ခဲ့တာဖြစ်ပြီး စာသင်ကျောင်းတွေမှာတော့ ဖေဖော်ဝါရီ ၇ ရက်မှာ စတင်ပြီးတော့ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

စီစီအက်စ်အေအနေနဲ့ ကလေးငယ်တွေကို Sinovac ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံနိုင် ကြောင်း ခွင့်ပြုပေးခဲ့ပြီဖြစ်ပေမယ့်လည်း ကလေးငယ်တွေရဲ့ မိဘတွေကတော့ ကာကွယ်ဆေးထိုးနှံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေကြဆဲဖြစ်တယ်လို့ ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up