close

ကူးတို့ဇက်သင်္ဘော

close

December 25, 2021

ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ဇက်သင်္ဘော မီးလောင်ပြီး လူ ၃၈ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ် ဆူဂန်ဒါမြစ်ပေါ်မှာ ပြေးဆွဲနေတဲ့ ကူးတို့ဇက်သင်္ဘောတစင်းလုံး မနေ့က မီးလောင်မှုကြောင့် အနည်းဆုံး လူ ၃၈ ဦး  သေဆုံးသွားပါတယ်။

မြို့တော်ဒါကာမှ တဖက်ကမ်း ဘာဂူနာကို ဦးတည်မောင်းနေတဲ့ သင်္ဘောဟာ စက်ခန်းကနေ စမီးလောင်ခဲ့တာဖြစ်ပြီး အများစုက ရေထဲ ခုန်ချခဲ့ပါတယ်။

မီးသတ်အရာရှိ ကလမ်ဟိုစီယန်ယူရီယန်က “မနက် ၃ နာရီလောက်မှာ ဖြစ်တာပါ၊ အခုထိတော့ ၃၈ လောင်း တွေ့ထားတယ်၊ ဒီထက်များဖို့ ရှိပါတယ်။ ဆေးရုံကို လူ ၅၀ လောက် ပို့ထားပါတယ်။ တခြား ခရီးသည်တွေလည်း ပျောက်ဆုံးနေတုန်းပါ” လို့ ပြောပါတယ်။

1 min Ago
Up