ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ဇက်သင်္ဘော မီးလောင်ပြီး လူ ၃၈ ဦးထက်မနည်း သေဆုံး

4
ဘင်္ဂလားဒေ့ရှ် ဆူဂန်ဒါမြစ်ပေါ်မှာ ပြေးဆွဲနေတဲ့ ကူးတို့ဇက်သင်္ဘောတစင်းလုံး မနေ့က မီးလောင်မှုကြောင့် အနည်းဆုံး လူ ၃၈ ဦး သေဆုံးသွားပါတယ်။
မြို့တော်ဒါကာမှ တဖက်ကမ်း ဘာဂူနာကို ဦးတည်မောင်းနေတဲ့ သင်္ဘောဟာ စက်ခန်းကနေ စမီးလောင်ခဲ့တာဖြစ်ပြီး အများစုက ရေထဲ ခုန်ချခဲ့ပါတယ်။
မီးသတ်အရာရှိ ကလမ်ဟိုစီယန်ယူရီယန်က “မနက် ၃ နာရီလောက်မှာ ဖြစ်တာပါ၊ အခုထိတော့ ၃၈ လောင်း တွေ့ထားတယ်၊ ဒီထက်များဖို့ ရှိပါတယ်။ ဆေးရုံကို လူ ၅၀ လောက် ပို့ထားပါတယ်။ တခြား ခရီးသည်တွေလည်း ပျောက်ဆုံးနေတုန်းပါ” လို့ ပြောပါတယ်။