close

ကော့မှူး

close

May 3, 2022

နန်းထိုက်အောင်စစ်ဆင်ရေး ကော့မှူးနှင့် သန်လျင်တွင်ပြုလုပ်၊ စစ်ကောင်စီ ဗိုလ်ကြီးအပါအဝင် ၂ ဦး သေ

ရန်ကုန်တိုင်းမှာ နန်းထိုက်အောင်စစ်ဆင်ရေးအရ မေလ ၃ ရက် ညနေပိုင်းမှာ  ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးတယောက်အပါအဝင်  အနည်းဆုံး ၂ ယောက် သေဆုံးသွားပါတယ်။

ဒီညနေပိုင်းမှာ ကော့မှူးမြို့နယ်နဲ့ သန်လျင်မြို့နယ်တွေမှာ စစ်ဆင်ရေး ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး တယောက် အပါအဝင် ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာအပြင်းထန်ရရှိခဲ့တာလို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

“မကျီးကန်-ကျိုက်ထော်လမ်းမပေါ် ငှက်အော်စမ်းကျေးရွာနား နယ်မြေရှင်းလင်းဖို့ ကင်းပတ်လာတဲ့ စစ်ကောင်စီကားကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ညနေ ၄ နာရီလောက်က ကြားဖြတ်ဝင်တိုက်တာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရန်သူစစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်'' လို့ ပြောပါတယ်။

ဒါ့ပြင် သန်လျင်မြို့နယ်ထဲက ပြည်တော်သာလမ်းအနီးရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းဝင်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညနေ ၅ နာရီလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲလိုင်းခန်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်တိုက်ခတ်မှုကြောင့် ရဲလိုင်းခန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ သေဆုံးထိခိုက်မှု အခြေအနေကိုတော့ အသိရသေးပါဘူး။

နန်းထိုက်အောင်စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်းရဲ့ မြို့ပြစစ်ဆင်ရေးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွက်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက DVB ကို ပြောပါတယ်။

11 hours Ago

November 9, 2020

ကော့မှူးတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်လ်ဒီ ကိုယ်စားလှယ်အားလုံးနိုင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှာ  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ၁ နဲ့ ၂  ကရင်တိုင်းရင်းသားရေးရာနဲ့ ရခိုင်တိုင်းရင်းသားရေးရာတို့ရဲ့ မဲဆန္ဒနယ်အားလုံးကို  အန်အယ်လ်ဒီ  ကိုယ်စားလှယ်လောင်းတွေက  အနိုင်ရရှိခဲ့ပါတယ်။ ကောမှူးမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈,၀၀၀ ကျော်ရှိပြီး ပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅ ဦး၊ တသီးပုဂ္ဂလ ၄ ဦး စုစုပေါင်း ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကော့မှူးမြို့နယ်နဲ့ တွံတေးမြို့နယ်က  အန်အယ်လ်ဒီ ပါတီဝန်းရံပြည်သူတွေ ဒီနေ့မနက် ၉ နာရီကျော်က စပြီး ကော့မှူးမြို့နယ်အတွင်း ကာတွေ၊ ဆိုင်ကယ်တွေနဲ့  လှည့်လည်အောင်ပွဲခံနေ ကြပါတယ်။
1 year Ago
Up