close

ကော်စတာ

close

September 7, 2022

ကော်စတာကို လီဗာပူးနှင့်ပွဲအမီ အပြီးသတ်ခေါ်ယူနိုင်ရန် ဝုဗ်အသင်းကြိုးပမ်း

ဝုဗ်အသင်းဟာ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို လီဗာပူးနဲ့ပွဲအမီ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အသက် ၃၃ နှစ်ရှိ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ဝုဗ်အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီထားပေမဲ့ အလုပ်လုပ်ခွင့် မရသေးတာကြောင့် ဝုဗ်အသင်းဆီ အပြီးသတ်ရောက်ဖို့ ကြန့်ကြာမှုတွေ ရှိနေတာပါ။

ကော်စတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်း ပရော်ဖက်ရှင်နယ်ပွဲတပွဲမှ မကစားခဲ့တာကြောင့် ဗြိန်တိန်နိုင်ငံရဲ့ အလုပ်လုပ်ခွင့်ပါမစ်ရဖို့ အခက်အခဲ ဖြစ်နေတာပါ။

ဒါပေမဲ့ ကော်စတာရဲ့ အလုပ်လုပ်ခွင့် လျှောက်ထားမှုကို ပယ်ချခဲ့တာ မရှိသေးဘဲ ခုံရုံးဖွဲ့ပြီး ဆုံးဖြတ်ချက်ချဖို့ ရှိပါတယ်။

ဝုဗ်အသင်းဟာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ကာလက်ဇစ် ဒဏ်ရာရရှိသွားတာကြောင့် လီဗာပူးနဲ့ပွဲအမီ ကော်စတာကို အပြီးသတ်ခေါ်ယူခွင့်ရဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

စပိန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုးအသင်းမှာ ၁၉ ပွဲကစားခဲ့ပြီး ၅ ဂိုး သွင်းခဲ့ပါတယ်။

41 mins Ago

June 5, 2022

အက်သလက်တီကိုအသင်း၏အဆင့်အတန်း ပျက်စီးသွားပြီဟု တိုက်စစ်မှူး ကော်စတာဝေဖန်

အက်သလက်တီကိုအသင်းရဲ့ အဆင့်အတန်းဟာ ဥရောပထိပ်တန်းအသင်းတစ်သင်းရဲ့ အဆင့်အတန်းမရှိတော့ဘဲ ပျက်စီးသွားပြီလို့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကဝေဖန် ပါတယ်။

ကော်စတာဟာ ၂၀၂၀ ပြည့်နှစ်က အသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဘရာဇီးကလပ် မင်နဲရိုးမှာပြန်ကစားခဲ့တာပါ။

သူဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အက်သလက်တီကို အသင်းမှာ ပထမအကြိမ် ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လာပြောင်းရွှေ့လာခဲ့တာပါ။

လာလီဂါချန်ပီယံဆုဖလားရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အက်သလက်တီကိုအသင်းမှာ လက်ရှိအချိန်မှာတော့  အဲဒီအဆင့်အတန်း မရှိတော့ကြောင်း ကော်စတာက ထောက်ပြဝေဖန်ခဲ့တာပါ။

“အက်သလက်တီကိုမက်ဒရစ်က ဥရောပမှာ စိန်ခေါ်နိုင်လောက်တဲ့ အဆင့်အတန်းမရှိတော့ပါဘူး။ မင်နဲရိုးအသင်းရဲ့ ကစားသမားတွေအပေါ် တည်ဆောက်မှု၊ အရည်အသွေးနဲ့ အစားအသောက်တွေက ပိုကောင်းပါတယ်။ အက်သလက်တီကိုမှာ ဥရောပအဆင့်အတန်း ဘာမှမရှိတော့ပါဘူး။ ကျနော်လိမ်ပြောနေတာမဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းက အဝတ်လဲခန်းက စုတ်ပြတ်နေပြီး အကယ်ဒမီဟာလည်း သေဆုံးသွားခဲ့ပါပြီ” လို့ ကော်စတာက ဝေဖန်ခဲ့ပါတယ်။

ကော်စတာဟာ အခုနှစ်ဆန်းပိုင်းက မင်နဲရိုးအသင်းနဲ့ လမ်းခွဲခဲ့ပြီး အသင်းသစ်ရှာ ဖွေနေဆဲဖြစ်ပါတယ်။

3 months Ago
Up