close

ကော်စတာကို လီဗာပူးနှင့်ပွဲအမီ အပြီးသတ်ခေါ်ယူနိုင်ရန် ဝုဗ်အသင်းကြိုးပမ်း

ဝုဗ်အသင်းဟာ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို လီဗာပူးနဲ့ပွဲအမီ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အသက် ၃၃ နှစ်ရှိ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ဝုဗ်အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီထားပေမဲ့ အလုပ်လုပ်ခွင့် မရသေးတာကြောင့် ဝုဗ်အသင်းဆီ အပြီးသတ်ရောက်ဖို့ ကြန့်ကြာမှုတွေ ရှိနေတာပါ။

ကော်စတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နောက်ပိုင်း ပရော်ဖက်ရှင်နယ်ပွဲတပွဲမှ မကစားခဲ့တာကြောင့် ဗြိန်တိန်နိုင်ငံရဲ့ အလုပ်လုပ်ခွင့်ပါမစ်ရဖို့ အခက်အခဲ ဖြစ်နေတာပါ။

ဒါပေမဲ့ ကော်စတာရဲ့ အလုပ်လုပ်ခွင့် လျှောက်ထားမှုကို ပယ်ချခဲ့တာ မရှိသေးဘဲ ခုံရုံးဖွဲ့ပြီး ဆုံးဖြတ်ချက်ချဖို့ ရှိပါတယ်။

ဝုဗ်အသင်းဟာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ကာလက်ဇစ် ဒဏ်ရာရရှိသွားတာကြောင့် လီဗာပူးနဲ့ပွဲအမီ ကော်စတာကို အပြီးသတ်ခေါ်ယူခွင့်ရဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

စပိန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုးအသင်းမှာ ၁၉ ပွဲကစားခဲ့ပြီး ၅ ဂိုး သွင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up