close

ကော်တင်ညို

close

January 8, 2023

ကော်တင်ညိုကိုခေါ်ယူလိုတယ်လို့ ဘရာဇီးကလပ် ကိုရင်တီယန်ဥက္ကဋ္ဌ အတည်ပြု

အက်စတွန်ဗီလာကွင်းလယ်လူ ကော်တင်ညိုကိုခေါ်ယူလိုတယ်လို့ ဘရာဇီးကလပ် ကိုရင်တီယန် အသင်းဥက္ကဋ္ဌ မွန်တီယာရိုကပြောပါတယ်။

စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ ကိုရင်တီယန် အသင်းဥက္ကဋ္ဌဟာ ကော်တင်ညိုကို အငှားစာချုပ်နဲ့ခေါ်ယူလိုကြောင်း တရားဝင်မှတ်ချက်ပေးခဲ့တာပါ။

ဗီလာအသင်းဟာ နည်းပြသစ် အူနိုင်းအမ်မရီလက်ထက်မှာ ကော်တင်ညိုကို ပွဲထွက်ခွင့်မပေးသေးဘဲ လူစားဝင်ကစားသမား အဖြစ်ပဲအသုံးပြုနေတာပါ။

ကော်တင်ညိုကို အပြီးသတ်ခေါ်ယူဖို့ခက်ခဲနိုင်တာကြောင့် အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ မွန်တီယာရိုက မှတ်ချက်ပေးခဲ့ပါတယ်။ ကော်တင်ညိုဟာ မနှစ်က ဘာစီလိုနာကနေ ဗီလာကိုအငှားထွက်ကစားခဲ့တာဖြစ်ပြီး ရာသီအကုန် မှာပေါင် ၁၇ သန်းနဲ့ ဗီလာကအပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

8 mins Ago

July 29, 2020

ပရီးမီးယားလိဂ်တွင် ပြန်လည်ကစားရန် ကော်တင်ညို စိတ်ဝင်စား

ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ညိုဟာ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ စိတ်ဝင်စားမှုရှိတယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုလိုက်ပါတယ်။ ကော်တင်ညိုဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်မှာ တရာသီ အငှားစာချုပ်နဲ့ ကစားခဲ့ရပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေ ဆက်ကစားရဦးမှာပါ။ သြဂုတ် ၂၃ ရက်အထိ ချန်ပီယံလိဂ်ပွဲစဉ်တွေ ရှိနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ကိစ္စကို  ပြိုင်ပွဲအပြီးမှ လုပ်ဆောင်နိုင်လိမ့်မယ်လို့ အေးဂျင့် ဂျော်ရက်ဘ်ချီယန်က ပြောပါတယ်။  ကော်တင်ညိုဟာ ပရီးမီးယားလိဂ်နဲ့ အံဝင်ခဲ့ဖူးပြီးသား ကစားသမားဖြစ်ပြီး အင်္ဂလန်မှာ ပြန်ကစားဖို့လည်း စိတ်ဝင်စားမှုရှိတယ်ဆိုတာ လျှို့ဝှက်စရာကိစ္စ မဟုတ်ကြောင်း အေးဂျင့် ရက်ဘ်ချီယန်က ပြောပါတယ်။  ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားဖို့က သူ့ရဲ့ ဦးစားပေးအစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး ဘာစီလိုနာကနေ ထွက်ခွာမယ်လို့လည်း ပြောလို့မရသေးကြောင်း ကော်တင်ညိုရဲ့ အေးဂျင့်က ဆိုပါတယ်။ ဒီအခြေအနေကြောင့် အငှားစာချုပ်နဲ့ပဲ ပရီးမီးယားလိဂ်ကလပ်တွေဆီ ပြန်ကစားဖွယ် ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။  ကော်တင်ညိုကို အာဆင်နယ်၊ စပါးနဲ့ လက်စတာအသင်းတွေက ခေါ်ယူလိုနေပါတယ်။
2 years Ago
Up