ကော်တင်ညိုကိုခေါ်ယူလိုတယ်လို့ ဘရာဇီးကလပ် ကိုရင်တီယန်ဥက္ကဋ္ဌ အတည်ပြု

အက်စတွန်ဗီလာကွင်းလယ်လူ ကော်တင်ညိုကိုခေါ်ယူလိုတယ်လို့ ဘရာဇီးကလပ် ကိုရင်တီယန် အသင်းဥက္ကဋ္ဌ မွန်တီယာရိုကပြောပါတယ်။
စပိန်သတင်းစာ Sport ရဲ့ဖော်ပြချက်အရ ကိုရင်တီယန် အသင်းဥက္ကဋ္ဌဟာ ကော်တင်ညိုကို အငှားစာချုပ်နဲ့ခေါ်ယူလိုကြောင်း တရားဝင်မှတ်ချက်ပေးခဲ့တာပါ။
ဗီလာအသင်းဟာ နည်းပြသစ် အူနိုင်းအမ်မရီလက်ထက်မှာ ကော်တင်ညိုကို ပွဲထွက်ခွင့်မပေးသေးဘဲ လူစားဝင်ကစားသမား အဖြစ်ပဲအသုံးပြုနေတာပါ။
ကော်တင်ညိုကို အပြီးသတ်ခေါ်ယူဖို့ခက်ခဲနိုင်တာကြောင့် အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ မွန်တီယာရိုက မှတ်ချက်ပေးခဲ့ပါတယ်။ ကော်တင်ညိုဟာ မနှစ်က ဘာစီလိုနာကနေ ဗီလာကိုအငှားထွက်ကစားခဲ့တာဖြစ်ပြီး ရာသီအကုန် မှာပေါင် ၁၇ သန်းနဲ့ ဗီလာကအပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။