close

ကျန်းမာရေးပစ္စည်း

close

July 6, 2021

ကျန်းမာရေးပစ္စည်းနှင့်စားသုံးကုန်များ ဈေးတင်ရောင်းချလျှင် အရေးယူမည်ဟု စစ်ကောင်စီ သတိပေး

Mask (နှာခေါင်းစည်း) အပါအ၀င် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။

ဒီပစ္စည်းတွေကို ဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချတာ၊ ဖြန့်ဖြူးတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေ စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှုတွေ တတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်နေတာကြောင့် ဈေးကွက်အတွင်း နှာခေါင်းစည်း ဝယ်လိုအား မြင့်တက်လာတဲ့အပေါ် ဈေးနှုန်းမြှင့်တင် ရောင်းချမှုတွေ ရှိလာပါတယ်။ 

အရင်က ပုံမှန်ဈေးကွက်အတွင်းမှာ နှာခေါင်းစည်း အခု ၅၀ ပါ တစ်ဘူးကို ကျပ် ၁၁၀၀၊ ၁၂၀၀ ဝန်းကျင်မှာ ရောင်းချကြပေမဲ့ ဇွန်လနှောင်းပိုင်းကစတင်ပြီး တစ်ဘူးကို ၁၈၀၀ ကနေ ၃၀၀၀ ကျပ်ထိ ဈေးမြှင့်တင်ရောင်းချလာကြတာပါ။

9 mins Ago

October 3, 2020

ရွှေကူမြို့နယ် ရေဘေးသင့်အိမ်ထောင်စု ၃၅ စုကို ကျန်းမာရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ် 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့မှာ  ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီ ပြောင်းရွှေ့ထားတဲ့ ရေဘေးသင့်အိမ်ထောင်စုတွေကို အောက်တိုဘာ ၁ ရက်နေ့က မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကျန်းမာရေးပစ္စည်းနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့ထားရတဲ့ ရွှေကူမြို့နယ်ထဲက ရေဘေးသင့်အိမ်ထောင်စု ၃၅ စုရှိ လူဦးရေ ၁၅၅ ဦးအတွက်  နှာခေါင်းစည်း၊ Mask၊ ဆပ်ပြာ စတဲ့ကျန်းမာရေးပစ္စည်းတွေ အပါအဝင် တစ်ဦးကို ဆန်ရိက္ခာဖိုးငွေ ၂,၁၀၀ ကျပ်နှုန်းနဲ့ လူဦးရေ ၁၅၅ ဦးအတွက် ငွေ ၃၂၅,၅၀၀ ကျပ် ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ ရွှေကူမြို့မှာ စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် ၄ ခုစလုံးကို ရေဝင်ရောက်ခဲ့တာကြောင့် ကျေးရွာတချို့က မြေနိမ့်ပိုင်းအိမ်ထောင်စု ၃၅ စု အိမ်ထဲအထိ ရေတွေ ရောက်လာလို့ ရေဘေးလွတ်ရာ ရွှေကူမြို့ အမှတ် (၄) ဘောဂဗလရပ်ကွက် အခြေခံပညာကျောင်း၊ မြဝတီဘုန်းတော်ကြီးကျောင်းနဲ့ အောင်တော်မူဘုရားတို့မှာ ယာယီပြောင်းရွှေ့ နေရာချထားပေးတာ ဖြစ်ပါတယ်။ ရွှေကူမြို့မှာ ၁၀ စုနှစ်အတွင်း တနှစ်တည်းနဲ့ မြစ်ရေ ၄ ကြိမ်အထိ မြင့်တက်ပြီး အိမ်ထောင်စုတွေ ပြောင်းရွှေ့ရတာဟာ ဒီနှစ်မှာ ပထမဆုံးဖြစ်တယ်လို့ မြို့နယ်မိုးဇလဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - ကျော်ဇေယျ CJ(ရွှေကူ)
9 months Ago
Up