close

ကျန်းမာရေးပစ္စည်းနှင့်စားသုံးကုန်များ ဈေးတင်ရောင်းချလျှင် အရေးယူမည်ဟု စစ်ကောင်စီ သတိပေး

Mask (နှာခေါင်းစည်း) အပါအ၀င် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးယူမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။

ဒီပစ္စည်းတွေကို ဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချတာ၊ ဖြန့်ဖြူးတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာတွေ စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှုတွေ တတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်နေတာကြောင့် ဈေးကွက်အတွင်း နှာခေါင်းစည်း ဝယ်လိုအား မြင့်တက်လာတဲ့အပေါ် ဈေးနှုန်းမြှင့်တင် ရောင်းချမှုတွေ ရှိလာပါတယ်။ 

အရင်က ပုံမှန်ဈေးကွက်အတွင်းမှာ နှာခေါင်းစည်း အခု ၅၀ ပါ တစ်ဘူးကို ကျပ် ၁၁၀၀၊ ၁၂၀၀ ဝန်းကျင်မှာ ရောင်းချကြပေမဲ့ ဇွန်လနှောင်းပိုင်းကစတင်ပြီး တစ်ဘူးကို ၁၈၀၀ ကနေ ၃၀၀၀ ကျပ်ထိ ဈေးမြှင့်တင်ရောင်းချလာကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up