close

ကျန်းမာရေးအရာရှိ

close

January 15, 2023

တရုတ်တွင် ကိုဗစ်လူနာအရေအတွက် ကျဆင်းနေဟု ကျန်းမာရေးအရာရှိ ပြော

တရုတ်နိုင်ငံမှာ ကိုဗစ်အဖျားရောဂါနဲ့ အရေးပေါ်ဆေးရုံတင်ထားရမှု အမြင့်ဆုံးဖြစ်ပြီး ဆေးရုံ တင်ထားတဲ့ ကိုဗစ်လူနာအရေအတွက် ဆက်ကျဆင်းနေတယ်လို့ တရုတ်ကျန်းမာရေး အရာရှိ တစ်ဦးက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။

ဇန်န၀ါရီ ၂၁ ရက်မှာ စတင်မယ့် နှစ်ကူးပွဲတော်အတွင်း တရုတ်ပြည်သူ လူသန်းပေါင်း ရာပေါင်းများစွာဟာ မြို့ကြီး၊ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေက အိမ်တွေဆီ ပြန်ကြတဲ့ နှစ်သစ်ကူး အားလပ်ရက် မတိုင်မီ ခရီးသွားလာမှု သိသိသာသာ မြင့်တက်လာလေ့ ရှိပါတယ်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံ ရှိတဲ့ တရုတ်နိုင်ငံတဝန်းရှိ အဖျားဆေးခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအချိုးဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ၃၃ ဒသမ ၉ ရာခိုင်နှုန်း  ရှိနေရာက ခုတော့ ၁၀ ဒသမ ၈ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း ကျဆင်းလာတယ်လို့ တရုတ်ကျန်းမာရေးအရာရှိ ကျောက်ယာ့ဟွေက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

အဖျားဆေးခန်းဆီ လာပြတဲ့ လူနာအရေအတွက်ဟာ ယေဘုယျအားဖြင့် မြို့ကြီးတွေနဲ့ ကျေးလက် ဒေသတွေမှာ အမြင့်ဆုံးဖြစ်ပြီး နောက်ပိုင်းမှာ ကျဆင်းလာပါတယ်လို့ ကျောက်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ တင်းကျပ်တဲ့ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး မူဝါဒကို ပြီးခဲ့တဲ့လက ရုတ်တရက်ရပ်ဆိုင်းပြီးတဲ့နောက် အထူးသဖြင့် ထိခိုက်လွယ်နိုင်တဲ့ ကျေးလက်ဒေသတွေမှာ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို အားဖြည့် ပံ့ပိုးပေးမယ်လို့ အရာရှိတွေက ပြောခဲ့ကြပါတယ်။

12 mins Ago

March 1, 2020

သြစတြေးလျတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး ၁ ဦး သေဆုံး

နိုင်ငံအနောက်ပိုင်းပါ့သ်မြို့က ဆေးရုံတရုံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတဦး မတ် ၁ ရက် မနက်စောပိုင်းမှာ ပထမဆုံး သေဆုံးသွားတယ်လို့ သြစတြေးလျအစိုးရ ကျန်းမာရေးအရာရှိ အင်ဒရူးရောဘတ်ဆန်က ပြောဆိုပါတယ်။   ဂျပန်နိုင်ငံရှိ Diamond Princess အပျော်စီးသင်္ဘောပေါ်က သြစတြေးလျ လူမျိုး ၁၅၀ ကျော် ဆင်းသွားပြီးနောက်မှာ အသက် ၇၈ နှစ်အရွယ် သြစတြေးလျ အမျိုးသားကြီးကို သီးခြားခွဲထားပြီး စောင့်ကြည့်ကုသပေးနေခဲ့တာပါ။  သူ့ရဲ့ဇနီးဖြစ်သူမှာလည်း ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အခြေအနေကတော့ တည်ငြိမ်နေပါ တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  သြစတြေးလျမှာ ဗိုင်းရပ်စ်ကူးစ်ခံထားရမှုမှာ ၂၅ ယောက် ရှိတယ်လို့ အစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။  အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံမှာလည်း ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် အီရန်နိုင်ငံက နေ ထွက်ခွာလာတဲ့ နိုင်ငံခြားသားအားလုံးကို ပြည်ဝင်ခွင့်မပေးဘူးလို့ သြစတြေးလျအစိုးရက ဖေဖော်ဝါရီ ၂၉ ရက်က ပြောထားပါတယ်။  ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၈၆၉၉၂ ဦး၊ သေဆုံးသူ ၂၉၇၉ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၂၃၃၄ ဦး ရှိတယ်လို့ သိရပါတယ်။
3 years Ago
Up