close

ကျောက်တံခါးမြို့နယ်

close

June 17, 2022

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၁ ခု တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၊ ကျောက်စရစ်ရွာအထွက်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတချို့ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ကျောက်စရစ်ရွာ အဝင်ဂိတ်စခန်းကို ဒီနေ့ ဇွန် ၁၇ ရက် မနက် အစောပိုင်းက  ချထားတဲ့ ကေအန်ယူတပ်က တက်ရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စခန်းသိမ်းမှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှ အသေးစိတ်ကို မသိရသေးပေမယ့် ဒီလို တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီဘက်က ရွာတွေဘက်ကို လက်နက်ကြီတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခု  ၁ နာရီခွဲအထိ ပစ်ခတ်တာတွေ ရှိနေသေးတာပေါ့နော်။ ပြီးလို့ရှိရင် ကျောက်စရစ်ရွာထဲကိုလည်း လက်နက်နက်ကြီးတွေကျတယ်။ အိမ်တွေ၊ နွားတွေ တိရိစ္ဆာတွေလည်း ထိတယ်ပေါ့နော်။ အခုဆိုရင် ရွာတွေကလည်း ဟိုပြေးဒီပြေး လွှတ်မယ်ထင်တဲ့နေရာတွေကို‌ ပြေးနေလွှားနေရတယ်။ မိုးရွာထဲမှာလည်း ဒုက္ခတွေနဲ့ပြေးလွှားနေရတယ်။”

ဒါ့အပြင်  ကျောက်စရစ်ရွာနဲ့ မလှမ်းမကမ်း မျက်နှာချင်းဆိုင်ရွာဖြစ်တဲ့ အင်တိုင်းကုန်းရွာက ဒေသခံတွေလည်း လက်နက်ကြီးကျရောက်မှာ စိုးရိမ်ပြီးတော့ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဆိုပါတယ်။

“သူတို့ရွာထဲမှာတော့ လက်နက်ကြီးကျတာမျိုးတော့မရှိသေးဘူး။ တခုပဲ သူတို့ရွာလည်း ကြိုတင်ပြီးတော့ ရှောင်ပြေးနေရတဲ့ အနေအထားမျိုးမှာတော့ ရှိတယ်ပေါ့နော်။ အခု တရွာလုံးပဲ ပြေးနေရတယ်။ ရွာထဲမှာ ဘယ်သူမှ မရှိသလောက်ပါပဲ။”

ကျောက်စရစ်ရွာက ကေအန်ယူ တပ်မဟာ ၃ နယ်မြေမှာရှိတဲ့ ကျေးရွာဖြစ်ပြီး KNLA-တပ်ရင်း(၉)က အဆိုပါ စခန်းကို တက်သိမ်းတာလို့သိရပါတယ်။

1 min Ago

May 26, 2021

ကျောက်တံခါးမြို့နယ်ရှိ ဆင်ဆိပ်ကလေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရမ်းကား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ဆင်ဆိပ်ကလေးကျေးရွာကို  မေလ ၂၅ ရက် နေ့လည်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင် တချို့ရောက်ရှိလာပြီး လူနေအိမ်တချို့ကို  ဖျက်ဆီးကာ နေအိမ်အတွင်းရှိ ပစ္စည်းတွေကိုလည်း  ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်မြင်(တောကျွဲအင်း)နယ်​မြေစခန်းအပိုင်အတွင်းရှိ ဆင်ဆိပ်ကလေးကျေးရွာကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်လာပြီး အန်အယ်လ်ဒီပါတီ ဆိုင်းဘုတ်ကို စတင်ဖျက်ဆီးကာ တခြားလူနေအိမ် ၃ လုံးကိုလည်း ဖျက်ဆီး ဝင်ရောက်ရှာဖွေ လုပ်ဆောင်သွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာတွေ့ရှိတဲ့  ဓား၊ ပေါက်ဆိန်ကစ ကလေးသရေစာဘူးအဆုံး ယူဆောင်သွားတာဖြစ်ပြီး ကျေးရွာအတွင်း သေနတ်ပစ်ဖောက်သွားတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။ ရွာမှာရှိတဲ့ အမျိုးသားတွေကို ရဲတွေက လိုက်လံရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးခံရသူတော့ မရှိဘူးလို့ သိရပါတယ်။ 

အခုလို ဥပဒေမဲ့ ရမ်းကားတဲ့ လုပ်ရပ်တွေကို ကျောက်တံခါးမြို့နယ်ထဲက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့အတူလိုက်ပါလာတဲ့ အုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး   ကျေးရွာနေပြည်သူတချို့က ကြောက်လန့်ကာ တခြားဒေသသို့ တိမ်းရှောင်နေကြတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

1 year Ago
Up