close

ကျောက်မြောင်း

close

December 24, 2022

ကျောက်မြောင်း နှစ်ကျိပ်ရှစ်ဆူဘုရားပွဲစျေး ဗုံးပေါက်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်၊   နိဂြောဓလမ်းမှာလုပ်တဲ့  နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲစျေးမှာ ဒီဇင်ဘာ ၂၃ ရက် ည ၉  နာရီက  ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

"ဗုံးပေါက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ၊ အကုန်လုံးလန့်ပြီး ပြေးတာ။ အလှူခံစားနေတဲ့ သားအမိ နှစ်ယောက်ထိတယ်၊ အရမ်းတော့ မစိုးရိမ်ရဘူး။ ပရဟိတအဖွဲ့တွေက ဆေးရုံကို ခေါ်သွား တယ်" လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ် နဲ့ တာမွေမြို့မရဲစခန်းမှ ရဲတွေ ရောက်လာပြီး ဒဏ်ရာရသူ အမျိုးသမီးကို ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"အမျိုးသမီးထိတာပါ။ တောင်းရမ်းစားသောက်နေသူဆိုတော့ လမ်းဘေးမှာတွေ့တဲ့ အိတ်အမဲကို ကောက်ပြီး ဖွင့်ကြည့်လိုက်တာ ဗုံးပေါက်တာ လက်ချောင်းတချို့ပြတ်သွားတယ်။" 

ဒဏ်ရာရရှိတဲ့ အမျိုးသမီးကို လူနာတင်ယာဥ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စစ်ကောင်စီက ကျားကွက်သစ်ရပ်ကွက်အတွင်း စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။

နိဂြောဓလမ်းမှာ ပြုလုပ်တဲ့ နှစ်ကျိပ်ရှစ်ဆူပွဲဟာ ပုံမှန်အစဉ်အလာအတိုင်း ၁ ပတ်ကျော် ၂ ပတ်နီးပါးအထိ ကျင်းပခဲ့လေ့ရှိပြီး ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေကြောင့် မကျင်းပဖြစ်ခဲ့ ပေမဲ့ ဒီနှစ်မှာတော့ ပထမဆုံး ပြန်ကျင်းပတာပါ။ 

ဒီဇင်ဘာ ၁၈ ရက် ညကလည်း ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီအမှတ်-၂ ခရီးသည်တင် ရေယာဉ်ပေါ်မှာ ပေါက်ကွဲတာကြောင့်  ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုကြောင့် ၇ ဦး သေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

17 mins Ago

August 8, 2022

တာမွေ၊ ကျောက်မြောင်းတွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးအရှေ့ရပ်ကွက် စစ်ကောင်စီခန့် ရာအိမ်မှူး တယောက်  သြဂုတ် ၈ ရက် ညနေ ၃ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက “ညနေ ၃ နာရီလောက်က ကျောက်မြောင်းကြီးအရှေ့ရပ်ကွက်က ရပ်ကွက်ရုံးမှာ ဖြစ်တာပါ။ လူငယ် သုံးယောက်က ရုံးမှာ လာပစ်သွားတာ။ ရင်ညွန့်ဖောက်ဝင် ဒဏ်ရာနဲ့ ရာအိမ်မှူး သေသွားတယ်”လို့ ပြောပါတယ်။

သေဆုံးသူ ရာအိမ်မှူးမှာ အသက် ၆၀ ကျော်အရွယ် ဦးကျော်မင်းဟန်ဖြစ်ပြီး မလွှကုန်းလမ်းက ရပ်ကွက်ရုံးမှာရှိနေချိန် လူငယ် သုံးယောက်က ဧည့်စာရင်း တိုင်မယ်ဆိုတာကြောင့် ရုံးခန်းတံခါးမဖွင့်ဘဲ မေးမြန်းနေစဥ် သံတံခါးအပြင်ဘက်ကနေ ပစ်ခတ်သွားတာလို့လည်း သိရပါတယ်။

အခုလိုပစ်ခတ်မှုကို ဝိမုတ္တိ-လွတ်မြောက်ခြင်းသူပုန်အဖွဲ့နဲ့ City-Dawna PDF တို့ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၈ ရက် မနက်အစောကလည်း သာကေတမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကားတစ်စီး  ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

5 months Ago
Up