close

တာမွေ၊ ကျောက်မြောင်းတွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးအရှေ့ရပ်ကွက် စစ်ကောင်စီခန့် ရာအိမ်မှူး တယောက်  သြဂုတ် ၈ ရက် ညနေ ၃ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက “ညနေ ၃ နာရီလောက်က ကျောက်မြောင်းကြီးအရှေ့ရပ်ကွက်က ရပ်ကွက်ရုံးမှာ ဖြစ်တာပါ။ လူငယ် သုံးယောက်က ရုံးမှာ လာပစ်သွားတာ။ ရင်ညွန့်ဖောက်ဝင် ဒဏ်ရာနဲ့ ရာအိမ်မှူး သေသွားတယ်”လို့ ပြောပါတယ်။

သေဆုံးသူ ရာအိမ်မှူးမှာ အသက် ၆၀ ကျော်အရွယ် ဦးကျော်မင်းဟန်ဖြစ်ပြီး မလွှကုန်းလမ်းက ရပ်ကွက်ရုံးမှာရှိနေချိန် လူငယ် သုံးယောက်က ဧည့်စာရင်း တိုင်မယ်ဆိုတာကြောင့် ရုံးခန်းတံခါးမဖွင့်ဘဲ မေးမြန်းနေစဥ် သံတံခါးအပြင်ဘက်ကနေ ပစ်ခတ်သွားတာလို့လည်း သိရပါတယ်။

အခုလိုပစ်ခတ်မှုကို ဝိမုတ္တိ-လွတ်မြောက်ခြင်းသူပုန်အဖွဲ့နဲ့ City-Dawna PDF တို့ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၈ ရက် မနက်အစောကလည်း သာကေတမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကားတစ်စီး  ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

//
Up