close

ကျောင်းသားများသမဂ္ဂ

close

January 12, 2022

စစ်တပ်အာဏာသိမ်းပြီးနောက် ထားဝယ်က ကျောင်းသား ၂၀ ကျော် ဖမ်းဆီးခံထားရ

စစ်အာဏာသိမ်းပြီး ၁၁ လတာ ကာလအတွင်း ထားဝယ်တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၃၁ ယောက်နဲ့ ဆရာမ တယောက်တို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထားဝယ်တက္ကသိုလ် ကျေင်းသားများသမဂ္ဂနဲ့ ဘာသာရပ်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းအသီးသီးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီလို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက ကျောင်းသားကျောင်းသူ ၈ ယောက်နဲ့ ဆရာမတယောက်တို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ ၂၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံဟိန်းက “ပညာရှိနည်းနဲ့ ဆန့်ကျင်တဲ့သူတွေကို မတရားလက်နက်အားကိုးနဲ့ ဖမ်းဆီးတာမျိုး မြင်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး စစ်သင်တန်းတက်ရောက်တာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေလည်း ပါဝင်ပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူတွေထဲမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း၊ အတွင်းရေးမှူးနဲ့ တွဲဖက်ပြန်ကြားရေးတာဝန်ခံ အပါအဝင် အခြားကျောင်းသားတွေလည်း ပါဝင်နေပြီး မှတ်တမ်းစာရင်းဝင် လူမသိသူမသိ ဖမ်းခံရသူတွေလည်း ရှိနိုင်တယ်လို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌက ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးခံရသူတွေထဲက တချို့ကို စစ်ကောင်စီက ထောင်တွင်းတရားရုံးတွေကနေတဆင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး အဲဒီထဲက အဝေးသင်ကျောင်းသားတဦးကိုတော့ အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။

9 mins Ago

May 20, 2021

အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်း

မန္တလေးမြို့မှာ အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂကို ယနေ့ မေ ၂၀ ရက်က  မြို့နယ်တွင်းမှာ  ကျောင်းတက်ဆဲ ကျောင်းသား ကျောင်းသူတွေနဲ့  ပေါင်းစည်း ဖွဲ့စည်းလိုက်ပါတယ်။

ဒါ့အပြင် အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗ.က.သ များ အဖွဲ့ချုပ်) အဖွဲ့ဝင် အဖြစ်လည်း ဒီကနေ့  မေလ ၂၀ရက်မှစတင်  တရားဝင်သတ်မှတ်လိုက်ပါတယ်။

အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားအားလုံးလွတ်မြောက်ရေးတို့အတွက် ဗကသအဖွဲ့ချုပ်ဝင် သမဂ္ဂရဲဘော်များအားလုံး နဲ့ လက်တွဲကာ လူထုကြီးရဲ့ တပ်ဦးမှနေကာ တိုက်ပွဲဝင်သွားမယ်လို့  ထုတ်ပြန်ထား ပါတယ်။

အဓမ္မကို အဆုံးစွန်ထိအာခံသွားမှာဖြစ်ပြီး  အောင်မြေသာစံမြို့ နယ်အတွင်းရှိ ကျောင်းသား တိုင်း အောင်မြေသာစံမြို့နယ်ကျောင်းသားများသမဂ္ဂသို့ ဝင်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထား ပါတယ်။ 

8 months Ago
Up