close

ကျွဲ

close

August 30, 2021

တနိုင်းမြို့နယ်တွင် ကျွဲများ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ရှိ တခက်ကျေးရွာမှာ လယ်ယာ လုပ်ငန်းခွင်အသုံးပြုတဲ့ ကျွဲတွေ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၅ ရက်ကစတင်ပြီး အခု တပတ်အတွင်း ရောဂါလက္ခဏာ မပြဘဲ ရုတ်တရက် သေဆုံးတာ ကျွဲ ၈ ကောင်ရှိပြီဖြစ်လို့  ရောဂါဆက်လက်ကူးစက်ပြီး  ထပ်မံသေဆုံးမှာ စိုးရိမ်နေရကြောင်း ဒေသခံတွေကပြောပါတယ်။

“၂၅ ရက်နေ့က ကျွဲတစ်ကောင်စသေတယ်၊ ရိုးရိုးသေတာပဲ ဆိုပြီး စားလိုက်တယ်။ အဲ့ဒီကျွဲကို စားလိုက်တဲ့ ပတ်ဝန်းကျင်မှာပဲ တစ်ရက်ခြားပြီး ရောဂါလက္ခဏာမပြဘဲ ကျွဲနှစ်ကောင် ထပ်သေတယ်။ အဲ့ကျွဲနှစ်ကောက်ကိုတော့ မြေမြုပ်လိုက်တယ်၊ ကျွဲကနေ လူကို ရောဂါကူးစက်မှာ စိုးရိမ်နေကြရတယ်"လို့ ဒေသခံ ဦးကမ်းဝမ်းကပြောပါတယ်။

ရောဂါလက္ခဏာမပြဘဲ ကျွဲသေဆုံးတာဟာ မြို့နယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မနေ့ကအထိ ကျွဲ ၈ ကောင်သေဆုံးကာ တချို့ကျွဲတွေလည်း သေဆုံးခဲ့တဲ့ ကျွဲတွေပုံစံအတိုင်း သေဆုံးမယ့် လက္ခဏာ တွေ့နေရတယ်လို့လည်း ပြောပါတယ်။

ကျွဲသေဆုံးတာတွေနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာဌာန အသီးသီးနဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ထံ အကြောင်းကြားထားပေမယ့်လည်း အခု အချိန်ထိလာရောက် စစ်ဆေး ကြည့်ရှုသူမရှိဘူးလို့လည်း သိရပါတယ်။

5 mins Ago

August 18, 2020

နာဂဒေသတွင် အသက်ရှူကြပ်သည့် ရောဂါတစ်မျိုးဖြင့် ကျွဲအကောင်ရေ ရာချီ သေဆုံး

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာ အခုနှစ် မတ်လက စတင်ကာ ဒီနေ့အထိ ၆ လလောက်ကာလအတွင်း ကျွဲအကောင်ရေ ၁၇၀ ဝန်းကျင်လောက် အသက်ရှုကြပ်တဲ့ ရောဂါတစ်မျိုးကြောင့် သေဆုံးသွားတယ်လို့ ဒေသဦးစီးအဖွဲ့ဝင် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ လေရှီးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေသဦးစီးအဖွဲ့ဝင် ဦးရိထင်က “ဖြစ်တာကတော့ မတ်လကတည်းက ဖြစ်နေတာပဲ။ အခုထိလည်းဖြစ်နေတုန်းပါ။ ပထမစဖြစ်တော့ မြို့နယ် တိမွေးကျန်းဌာနကို ဆက်သွယ်တော့ ကွင်းဆင်းစစ်ဆေးတယ်။ ရောဂါနဲ့ပတ်သက်လို့ ဘာဖြစ်တာလဲဆိုတာ စစ်ဆေးဖို့ ဒေသမှာ ဓာတ်ခွဲခန်းမရှိဘူး။ ရှိတဲ့ဆီပို့ထားတယ်ပြောတယ်။ အခုထိ အဖြေမသိရသေးဘူး။ လည်ချောင်းကွဲရောဂါလို့တော့ ယူဆတယ်။ လောလောဆယ်တော့ တိုင်းအစိုးရနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်။”လို့ ပြောပါတယ်။ လက်ရှိအချိန်ထိတော့ ကျွဲသေဆုံးမှုရှိနေဆဲဖြစ်ပေမယ့် လူနဲ့ တခြားတိရစ္ဆာန်တွေကို ကူးစက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ခုလို ကျွဲတွေသေဆုံးရတာဟာ ဒေသခံတွေအတွက် ဆုံးရှုံးမှု ကြီးမားတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးစေချင်တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ လတ်တလောမှာ ကျွဲသေဆုံးမှုတွေက လေရှီးမြို့နယ်အတွင်း ကုံကိုင်လုံနဲ့  ဆွမ္မရာမြို့တို့မှာ အဓိကဖြစ်နေပြီး ကူကီး၊ ဖွန်သရက် စတဲ့အုပ်စုတွေမှာလည်း သေဆုံးမှုတွေရှိတယ်လို့ဆိုပါတယ်။ ကျွဲတွေရောဂါနဲ့ သေဆုံးရတာဟာ နော်ဝင်ချောင်းရိုးတလျှောက်မှာ ဖြစ်နေပြီး ရေကနေတဆင့် ရောဂါ ကူးစက်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။   ကျွဲတွေဆုံးရှုံးသွားတဲ့ ဒေသခံ မွေးမြူရေးလုပ်ကိုင်သူတွေအတွက် နိုင်ငံတော်ရဲ့ ထောက်ပံ့ကြေးရရှိဖို့ တင်ပြထားတယ်လို့သိရပါတယ်။
1 year Ago
Up