close

တနိုင်းမြို့နယ်တွင် ကျွဲများ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ရှိ တခက်ကျေးရွာမှာ လယ်ယာ လုပ်ငန်းခွင်အသုံးပြုတဲ့ ကျွဲတွေ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၅ ရက်ကစတင်ပြီး အခု တပတ်အတွင်း ရောဂါလက္ခဏာ မပြဘဲ ရုတ်တရက် သေဆုံးတာ ကျွဲ ၈ ကောင်ရှိပြီဖြစ်လို့  ရောဂါဆက်လက်ကူးစက်ပြီး  ထပ်မံသေဆုံးမှာ စိုးရိမ်နေရကြောင်း ဒေသခံတွေကပြောပါတယ်။

“၂၅ ရက်နေ့က ကျွဲတစ်ကောင်စသေတယ်၊ ရိုးရိုးသေတာပဲ ဆိုပြီး စားလိုက်တယ်။ အဲ့ဒီကျွဲကို စားလိုက်တဲ့ ပတ်ဝန်းကျင်မှာပဲ တစ်ရက်ခြားပြီး ရောဂါလက္ခဏာမပြဘဲ ကျွဲနှစ်ကောင် ထပ်သေတယ်။ အဲ့ကျွဲနှစ်ကောက်ကိုတော့ မြေမြုပ်လိုက်တယ်၊ ကျွဲကနေ လူကို ရောဂါကူးစက်မှာ စိုးရိမ်နေကြရတယ်"လို့ ဒေသခံ ဦးကမ်းဝမ်းကပြောပါတယ်။

ရောဂါလက္ခဏာမပြဘဲ ကျွဲသေဆုံးတာဟာ မြို့နယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မနေ့ကအထိ ကျွဲ ၈ ကောင်သေဆုံးကာ တချို့ကျွဲတွေလည်း သေဆုံးခဲ့တဲ့ ကျွဲတွေပုံစံအတိုင်း သေဆုံးမယ့် လက္ခဏာ တွေ့နေရတယ်လို့လည်း ပြောပါတယ်။

ကျွဲသေဆုံးတာတွေနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာဌာန အသီးသီးနဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ထံ အကြောင်းကြားထားပေမယ့်လည်း အခု အချိန်ထိလာရောက် စစ်ဆေး ကြည့်ရှုသူမရှိဘူးလို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up