close

ကြိုးစားမှု

close

September 19, 2021

အာဆင်နယ်ကစားသမားများ၏ မဆုတ်မနစ်ကြိုးစားမှုအပေါ် နည်းပြချီးကျူး

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှဦ ဘန်လေကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကစားသမားတွေရဲ့ မဆုတ်မနစ်ကြိုးစားမှုအပေါ် နည်းပြ အာတီတာက ချီးကျူးစကားဆိုလိုက်ပါတယ်။

ဘန်လေကို အနိုင်ရတဲ့ပွဲဟာ အမှန်တကယ်ယှဉ်ပြိုင်တိုက်ခိုက်ပြီးမှ နိုင်ပွဲရခဲ့တာဖြစ်ပြီး အလွန်ခက်ခဲ့တဲ့ အဝေးကွင်းပွဲစဉ်ဖြစ်တယ်လို့ အာတီတာကပြောပါတယ်။ 

“ဘန်လေကခံစစ် နှစ်ထပ်ပိတ်ပြီးကစားရမှာ အလွန်ကောင်းပြီး ကျနော်တို့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက်လုံးမှာ ကစားသမားတွေရဲ့ မဆုတ်မနစ်ကြိုးစားမှုက တော့ ကျနော်အလေးစားဆုံးပါပဲ” လို့ အာတီတာက ပြောပါတယ်။

ဒီနိုင်ပွဲကနေ ခက်ခဲ့တဲ့ပွဲတွေမှာလည်း အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရရှိစေပြီး လာမယ့်ပွဲတွေမှာလည်း ဆက်ထိန်းနိုင်ဖို့လိုတယ်လို့လည်း အာတေတာကပြောပါတယ်။

အာဆင်နယ်အသင်းဟာ ဘန်လေအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပွဲချိန်မိနစ် ၃ဝ မှာရရှိခဲ့တဲ့ အိုဒီဂတ်ရဲ့ဖရီးကစ်ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ၂ ပွဲဆက်တိုက်နိုင်ပွဲကြောင့် ၅ ပွဲကစားအပြီးမှာ အဆင့် ၁၃ အထိတက်လှမ်းနိုင်ခဲ့ပါတယ်။

12 mins Ago

July 2, 2020

ကြိုးစားမှုမလျှောချရန် အသင်းသားများကို ရီးရဲလ်နည်းပြ သတိပေး

ဘာစီလိုနာအမှတ်လျော့သွားပေမယ့် ချန်ပီယံဆုဖလားအတွက် တက်ထောင်လို့မ ရသေးကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောပါတယ်။ ဘာစီလိုနာအသင်းဟာ ဇူလိုင် ၁ ရက်နေ့ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ရီးရဲလ်အသင်းအတွက် ချန်ပီယံဖြစ်ဖို့အခွင့်အရေးကောင်းလာခဲ့တာပါ။   ရီးရဲလ်အသင်းဟာ ဇူလိုင် ၃ ရက် မနက် ဂီတာဖေးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိမယ်ဆိုရင် ဘာစီလိုနာကို ၄ မှတ်အသာ နဲ့ ဦးဆောင်နိုင်မှာပါ။  ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းကတော့ ဘာစီလိုနာ အမှတ်လျော့ခဲ့ပေမယ့်လည်း ပုံမှန် အတိုင်းဆက်လက် ကြိုးစားဖို့လိုပြီး ချန်ပီယံဆုဖလားရပြီလို့ မပြောနိုင်သေးကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  လက်ကျန် ၆ ပွဲကစားဖို့ကျန်သေးပြီး ပြိုင်ဘက်အသင်းတွေကို လေးစားမှုအပြည့်နဲ့ ကစားရမှာဖြစ်သလို ကြိုးစားမှုကိုလည်း လျော့လိုက်လို့မရသေးကြောင်း၊ ကစားသမား တွေဟာလည်း တက်ထောင်လို့မရသေးဘူးဆိုတာ အားလုံးသိရှိထားကြောင်း နည်းပြဇီဒန်းက ပြော ပါတယ်။ 
1 year Ago
Up