အာဆင်နယ်ကစားသမားများ၏ မဆုတ်မနစ်ကြိုးစားမှုအပေါ် နည်းပြချီးကျူး

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှဦ ဘန်လေကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကစားသမားတွေရဲ့ မဆုတ်မနစ်ကြိုးစားမှုအပေါ် နည်းပြ အာတီတာက ချီးကျူးစကားဆိုလိုက်ပါတယ်။
ဘန်လေကို အနိုင်ရတဲ့ပွဲဟာ အမှန်တကယ်ယှဉ်ပြိုင်တိုက်ခိုက်ပြီးမှ နိုင်ပွဲရခဲ့တာဖြစ်ပြီး အလွန်ခက်ခဲ့တဲ့ အဝေးကွင်းပွဲစဉ်ဖြစ်တယ်လို့ အာတီတာကပြောပါတယ်။
“ဘန်လေကခံစစ် နှစ်ထပ်ပိတ်ပြီးကစားရမှာ အလွန်ကောင်းပြီး ကျနော်တို့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက်လုံးမှာ ကစားသမားတွေရဲ့ မဆုတ်မနစ်ကြိုးစားမှုက တော့ ကျနော်အလေးစားဆုံးပါပဲ” လို့ အာတီတာက ပြောပါတယ်။
ဒီနိုင်ပွဲကနေ ခက်ခဲ့တဲ့ပွဲတွေမှာလည်း အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရရှိစေပြီး လာမယ့်ပွဲတွေမှာလည်း ဆက်ထိန်းနိုင်ဖို့လိုတယ်လို့လည်း အာတေတာကပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဘန်လေအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပွဲချိန်မိနစ် ၃ဝ မှာရရှိခဲ့တဲ့ အိုဒီဂတ်ရဲ့ဖရီးကစ်ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ၂ ပွဲဆက်တိုက်နိုင်ပွဲကြောင့် ၅ ပွဲကစားအပြီးမှာ အဆင့် ၁၃ အထိတက်လှမ်းနိုင်ခဲ့ပါတယ်။