ဘန်လေအသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြကွန်ပနီဟာ အသင်းနဲ့ ၅ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
ကွန်ပနီဟာ ဘန်လေအသင်းကို ခံစစ်အသားပေးအသင်း ပုံစံကနေ ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်အသားပေးအသင်းအဖြစ် ပြောင်းလဲပေးခဲ့သူလဲဖြစ်ပါတယ်။
တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဘန်လေအသင်းမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
အသင်းပရိသတ်တွေနဲ့အတူ ဘန်လေအသင်းကို ပိုကောင်းတဲ့ အသင်းဖြစ်အောင် စွမ်းဆောင်သွားချင်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၃၇နှစ်ရှိ နည်းပြ ကွန်ပနီကပြောပါတယ်။
ဘယ်လ်ဂျီယံသားဟာ ကစားသမားဘဝက မန်စီးတီးအသင်းမှာ နည်းပြဂွါဒီယိုလာနဲ့ လက်တွဲညီခဲ့သူဖြစ်ပြီး လာမဲ့ရာသီမှာ နည်းပြဘဝနဲ့ ပရီးမီးယားလိဂ် ဆီပြန်ရောက်တော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီအတွက် ကြိုတင်ခန့်အပ်မယ့် နည်းပြချုပ်လျာထာစာရင်းမှာ စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ ဘန်လေနည်းပြ ကွန်ပနီတို့ ပါဝင်တယ်လို့သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ အစောပိုင်းက ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းနဲ့ ဆွေးနွေးခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး နည်းပြပိုချက်တီနိုနဲ့ ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။
ပိုချက်တီနိုဟာမနှစ်က ပီအက်စ်ဂျီအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီး စပါးအသင်းမှာ ကာလရှည်နည်းပြခဲ့သူဖြစ်လို့ ပရီးမီးယားလိဂ်အတွေ့အကြုံရှိသူပါ။
ဘယ်လ်ဂျီယံနည်းပြ ကွန်ပနီကတော့ အခုနှစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ဆီတန်းတက်နိုင်အောင် စွမ်းဆောင်ပြခဲ့ပါတယ်။
ဒါ့အပြင် ဘန်လေအသင်းကို တိုက်စစ်အသားပေးပြီး ဆွဲဆောင်မှုရှိတဲ့ အသင်းအဖြစ် ပုံသွင်းနိုင်ခဲ့လို့ ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်လျာထားစာရင်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။