ဘန်လေနည်းပြကွန်ပနီ အသင်းနှင့် ၅ နှစ် စာချုပ်သစ်ချုပ်ဆို

3
ဘန်လေအသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြကွန်ပနီဟာ အသင်းနဲ့ ၅ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
ကွန်ပနီဟာ ဘန်လေအသင်းကို ခံစစ်အသားပေးအသင်း ပုံစံကနေ ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်အသားပေးအသင်းအဖြစ် ပြောင်းလဲပေးခဲ့သူလဲဖြစ်ပါတယ်။
တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဘန်လေအသင်းမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
အသင်းပရိသတ်တွေနဲ့အတူ ဘန်လေအသင်းကို ပိုကောင်းတဲ့ အသင်းဖြစ်အောင် စွမ်းဆောင်သွားချင်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၃၇နှစ်ရှိ နည်းပြ ကွန်ပနီကပြောပါတယ်။
ဘယ်လ်ဂျီယံသားဟာ ကစားသမားဘဝက မန်စီးတီးအသင်းမှာ နည်းပြဂွါဒီယိုလာနဲ့ လက်တွဲညီခဲ့သူဖြစ်ပြီး လာမဲ့ရာသီမှာ နည်းပြဘဝနဲ့ ပရီးမီးယားလိဂ် ဆီပြန်ရောက်တော့မှာ ဖြစ်ပါတယ်။