close

ကွေ့ချောင်းရွာ

close

October 13, 2022

ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာကို စစ်ကောင်စီတပ် ပစ်ခတ်၊ နေအိမ် ၂ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကွေ့ချောင်းရွာကို  စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့  နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ၆၀-မမ အမျိုးအစား လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်သွားခဲ့ရာမှာ နေအိမ်တွေအပေါ် တိုက်ရိုက်မကျဘဲ အိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲရာကနေတဆင့် လက်နက်ကြီးကျည်စတွေ နေအိမ်တွေကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဘန့်ဘွေးရွာမ (ဒေသခေါ် ပျူစောထီးရွာ) ကနေ မုံရွာဘက်ကိုပြန်တဲ့ စစ်ကောင်စီတပ်ဖွဲ့က အခုလို ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အဲဒီ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်း ၉ နာရီကျော်လောက်ကတည်းက မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးအတိုင်း မသွားကြဘဲ လယ်ယာကွက်တွေဘက်ကနေ သွားလာလှုပ်ရှားတာကြောင့် အနီးတဝိုက်မှာရှိတဲ့ ကျေးရွာနေ ပြည်သူတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြရတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ အရင်တုန်းက မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးအတိုင်း သွားလေ့ရှိပေမဲ့  အခုတခါမှာတော့ အဲဒီလမ်းပိုင်း အသုံးမပြုတော့ပါဘူး။

အဆိုပါလမ်းအတိုင်း အရင်ကသွားလာခဲ့ရာမှာ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပါတယ်။

56 mins Ago

August 23, 2021

ယင်းမာပင်တွင် စစ်​ကောင်စီတပ်သားအချင်းချင်း စကားများ အပြန်အလှန်ပစ်ခတ်၊ ၂ ဦး​သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ​ကွေ့​ချောင်းရွာအနီး မုံရွာ-ယာကြီး-က​လေးဝ ကားလမ်း​ပေါ်မှာ သြဂုတ် ၂၃ ရက် ​နေ့လယ်ပိုင်းက စစ်​ကောင်စီတပ်သားအချင်းချင်း စကားများရန်ဖြစ်ရာက ​သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်ကြတာကြောင့် ၂ ဦးစလုံး ​သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဖြစ်စဥ်က ဒီ​နေ့ မနက်ပိုင်းအ​စောက မုံရွာ-ယာကြီး-က​လေးဝ လမ်း​ပေါ်မှာရှိတဲ့ တိုးဂိတ်တစ်ခု ဖျက်ဆီးမီးရှို့ခံရတာနဲ့ပတ်ပြီး စစ်​ကောင်စီတပ်​တွေ လာတာထင်တယ်။ ​ကွေ့​ချောင်းရွာအနီးမှာ ​ရှေ့က​​နေ သူသွား ကိုယ်သွားတွက်ပြီး ငြင်းခုံကြရာက​နေ တစ်​ယောက်နဲ့တစ်​ယောက် ​သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ကြတာ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သား ၂ ဦးအ​လောင်းကို မုံရွာဘက်ဆီကို ချက်ချင်းသယ်သွားကြပြီး ကျန်တဲ့သူ​တွေ ​ပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။

မုံရွာ-ယာကြီး-က​လေးဝ လမ်း​ပေါ်မှာတည်ရှိတဲ့ ၅ မိုင်တိုးဂိတ် သြဂုတ် ၂၃ ရက် မနက်​စောပိုင်း ၀၀း၃၀  နာရီလောက် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​သေနတ်ပစ်ဖောက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဘယ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

1 year Ago
Up