close

ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာကို စစ်ကောင်စီတပ် ပစ်ခတ်၊ နေအိမ် ၂ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကွေ့ချောင်းရွာကို  စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့  နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ၆၀-မမ အမျိုးအစား လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်သွားခဲ့ရာမှာ နေအိမ်တွေအပေါ် တိုက်ရိုက်မကျဘဲ အိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲရာကနေတဆင့် လက်နက်ကြီးကျည်စတွေ နေအိမ်တွေကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဘန့်ဘွေးရွာမ (ဒေသခေါ် ပျူစောထီးရွာ) ကနေ မုံရွာဘက်ကိုပြန်တဲ့ စစ်ကောင်စီတပ်ဖွဲ့က အခုလို ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အဲဒီ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်း ၉ နာရီကျော်လောက်ကတည်းက မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးအတိုင်း မသွားကြဘဲ လယ်ယာကွက်တွေဘက်ကနေ သွားလာလှုပ်ရှားတာကြောင့် အနီးတဝိုက်မှာရှိတဲ့ ကျေးရွာနေ ပြည်သူတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးခဲ့ကြရတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ အရင်တုန်းက မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးအတိုင်း သွားလေ့ရှိပေမဲ့  အခုတခါမှာတော့ အဲဒီလမ်းပိုင်း အသုံးမပြုတော့ပါဘူး။

အဆိုပါလမ်းအတိုင်း အရင်ကသွားလာခဲ့ရာမှာ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up