close

ခင်ပွန်း

close

March 26, 2023

အော်စကာဆုရသရုပ်ဆောင် ရီးစ်ဝစ်သာစပွန်း ခင်ပွန်းဖြစ်သူနှင့် ကွာရှင်း

အော်စကာဆုရ သရုပ်ဆောင် ရီးစ်ဝစ်သာစပွန်းဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ အနုပညာအေးဂျင့် ဂျင်မ်တော့နဲ့ နှစ်ဦးသဘောတူကွာရှင်းဖို့  ခက်ခဲစွာဆုံးဖြတ်ခဲ့ရတယ်ဆိုပြီး မတ်လ ၂၄ ရက်မှာ ဖွင့်ဟပြောပါတယ်။ 

ဒီစုံတွဲဟာ ၂၀၁၁ ခုနှစ်၊မတ်လတုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့  အနောက်မြောက်ပိုင်းက အိုဟိုင်းမြို့ငယ်လေးရှိ ဝစ်သာစပွန်းရဲ့ မွေးမြူးရေးခြံနေရာမှာ လက်ထပ် ခဲ့ကြတာပါ။ 

တစ်နှစ်ကျော်အကြာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာတော့ တန်နက်ဆီ ဂျိမ်းစ်လို့ အမည်ရတဲ့ သားငယ်တစ်ဦး မွေးဖွားလာခဲ့ပါတယ်။ 

“ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်ပေါင်းများစွာကို ကျမတို့ အတူတကွ ဖြတ်သန်းလာခဲ့ပြီးပါပြီ၊ ကျမတို့ အတူဖန်တီးခဲ့တဲ့ အရာရာတိုင်း အတွက် လေးနက်တဲ့ ချစ်ခြင်းမေတ္တာ၊ ကြင်နာမှု၊ အပြန်အလှန် လေးစားမှုတွေနဲ့အတူ  ရှေ့ဆက်သွားမှာပါ၊ ဘဝစာမျက်နာသစ်ကို ရှေ့ဆက်တော့မှာဖြစ်တဲ့အတွက် အကြီးမားဆုံးဦစားပေး ကိစ္စရပ်က ကျမတို့ သားနဲ့ မိသားစုတစ်ခုလုံးပါပဲ”ဆိုပြီး ဒီနာမည်ကြီးသရုပ်ဆောင်က အင်စတာဂရမ် လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါ တယ်။ 

ဝစ်သာစပွန်းဟာ ပထမခင်ပွန်း ရိုင်ယန် ဖိလစ်ပီနဲ့အတူ သမီးကြီး အေဗာ နဲ့ သားကြီး ဒီကွန် တို့ကို ရရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အရောက်မှာတော့ သူတို့ ကွာရှင်းခဲ့ပါတယ်။ 

တန်နက်ဆီပြည်နယ်၊ နက်စ်ဗီးလ်မြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဝစ်သာစပွန်းဟာ ၂၀၀၅ ခုနစ်မှာ ထွက်ရှိခဲ့တဲ့ ကျေးလက်ဂီတရုပ်ရှင် "Walk the Line" နဲ့အတူ အော်စကာဆု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

12 mins Ago

February 18, 2023

ရုပ်ရှင်သရုပ်ဆောင်တဦးနှင့် ခင်ပွန်းဖြစ်သူကို လိမ်လည်မှုဖြင့် အမှုဖွင့်

အင်းတကော်နယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဦးမောင်မောင်ကျော်နဲ့ ရုပ်ရှင်သရုပ်ဆောင် မို့မို့မြင့်အောင်တို့ လင်မယားနှစ်ဦးကို ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဦးမောင်မောင်ကျော်နဲ့ ဇနီးဖြစ်သူမှာ ထားဝယ်ရေနက်စီမံကိန်းလုပ်ငန်းမှာ ငွေလိုအပ်တာကြောင့် လွန်ခဲ့တဲ့နှစ်တွေက ငွေသိန်းငါးထောင်ကို အင်းတကော်မြို့ ဥယျာဥ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတဦးဆီက ချေးငှားပြီး ပြန်မပေးတဲ့အတွက် အမှုဖွင့်တိုင်ကြားခဲ့တာလို့ အမည်မဖော်လိုသူရဲအရာရှိတဦးက ပြောပါတယ်။

"ဖေဖော်ဝါရီ ၁၂ ရက်က တိုင်ထားတာပါ။ သူယောကျ်ားရော၊ သူ့ကိုရော တိုင်ထားတာ။ လိမ်လည်မှုနဲ့ ထန်းပင်ချောင်ကျေးရွာမှာနေတဲ့ လုပ်ငန်းရှင်တဦးက တိုင်တာပါ။" 

တိုင်ကြားခံရသူလင်မယားမှာ ငွေကြေးမပေးဘဲ ရှောင်တိမ်းနေတဲ့အတွက် လိုက်လံရှာဖွေပြီး ညှိနှိုင်းခဲ့ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ သိန်း ၃၀၀၀ တကြိမ်နဲ့ ၂၀၂၃ ခုနှစ်မှာ သိန်း ၂၀၀၀ တကြိမ်ပြန်ပေးမယ်လို့ ကတိပြုခဲ့ပြီး ပြန်မပေးတဲ့အတွက် အခုလိုတိုင်ကြားခဲ့တာလို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူမှာ ငွေကြေးအရှုပ်အရှင်းများရှိတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က လသာမြို့နယ် အမှတ် ၂ စည်ပင်သာယာတရားရုံးမှာ တရားဝင်ကွာရှင်းပြတ်စဲထားပြီး ခင်ပွန်းဖြစ်သူနဲ့ပတ်သက်တဲ့ ငွေကြေးအရှုပ်အရှင်းတွေကို မရှင်းနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာမှာ နိုဝင်ဘာ ၂၆ ရက်က ကြေညာထားပါတယ်။

လက်တလောမှာ မြောက်ဒဂုံမြို့နယ် တော်ဝင်အိမ်ရာ သဇင်လမ်းနေ ဦးမောင်မောင်ကျော်နဲ့ ဒေါ်မို့မို့မြင့်အောင်တို့ နှစ်ဦးကို အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၂၀/၂၀၂၃ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့မှ သိရပါတယ်။

1 month Ago
Up