အော်စကာဆုရသရုပ်ဆောင် ရီးစ်ဝစ်သာစပွန်း ခင်ပွန်းဖြစ်သူနှင့် ကွာရှင်း

အော်စကာဆုရ သရုပ်ဆောင် ရီးစ်ဝစ်သာစပွန်းဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ အနုပညာအေးဂျင့် ဂျင်မ်တော့နဲ့ နှစ်ဦးသဘောတူကွာရှင်းဖို့ ခက်ခဲစွာဆုံးဖြတ်ခဲ့ရတယ်ဆိုပြီး မတ်လ ၂၄ ရက်မှာ ဖွင့်ဟပြောပါတယ်။
ဒီစုံတွဲဟာ ၂၀၁၁ ခုနှစ်၊မတ်လတုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ အနောက်မြောက်ပိုင်းက အိုဟိုင်းမြို့ငယ်လေးရှိ ဝစ်သာစပွန်းရဲ့ မွေးမြူးရေးခြံနေရာမှာ လက်ထပ် ခဲ့ကြတာပါ။
တစ်နှစ်ကျော်အကြာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာတော့ တန်နက်ဆီ ဂျိမ်းစ်လို့ အမည်ရတဲ့ သားငယ်တစ်ဦး မွေးဖွားလာခဲ့ပါတယ်။
“ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်ပေါင်းများစွာကို ကျမတို့ အတူတကွ ဖြတ်သန်းလာခဲ့ပြီးပါပြီ၊ ကျမတို့ အတူဖန်တီးခဲ့တဲ့ အရာရာတိုင်း အတွက် လေးနက်တဲ့ ချစ်ခြင်းမေတ္တာ၊ ကြင်နာမှု၊ အပြန်အလှန် လေးစားမှုတွေနဲ့အတူ ရှေ့ဆက်သွားမှာပါ၊ ဘဝစာမျက်နာသစ်ကို ရှေ့ဆက်တော့မှာဖြစ်တဲ့အတွက် အကြီးမားဆုံးဦစားပေး ကိစ္စရပ်က ကျမတို့ သားနဲ့ မိသားစုတစ်ခုလုံးပါပဲ”ဆိုပြီး ဒီနာမည်ကြီးသရုပ်ဆောင်က အင်စတာဂရမ် လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါ တယ်။
ဝစ်သာစပွန်းဟာ ပထမခင်ပွန်း ရိုင်ယန် ဖိလစ်ပီနဲ့အတူ သမီးကြီး အေဗာ နဲ့ သားကြီး ဒီကွန် တို့ကို ရရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အရောက်မှာတော့ သူတို့ ကွာရှင်းခဲ့ပါတယ်။
တန်နက်ဆီပြည်နယ်၊ နက်စ်ဗီးလ်မြို့မှာ မွေးဖွားခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဝစ်သာစပွန်းဟာ ၂၀၀၅ ခုနစ်မှာ ထွက်ရှိခဲ့တဲ့ ကျေးလက်ဂီတရုပ်ရှင် "Walk the Line" နဲ့အတူ အော်စကာဆု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။