close

ခမ်ဆိုခါ

close

March 3, 2023

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ခမ်ဆိုခါ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံရ

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဖနွမ်းပင်တရားရုံးက မတ် ၃ ရက်မှာ ဆုံးဖြတ်ခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ်နဲ့ ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်စီရင်ချမှတ်ခဲ့ပြီး နိုင်ငံရေးရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်တာနဲ့ ရွေးကောက်ပွဲမှာ မဲပေးတာတွေကိုလည်း တားမြစ်ခဲ့ပါတယ်။

အခု ဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) ရဲ့ ခေါင်းဆောင်ဟောင်း ခမ်ဆိုခါဟာ သူ့ရဲ့ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအားလုံး ဖယ်ရှားခံခဲ့ရကြောင်း ရှေ့နေက စီရင်ချက်ချပြီးနောက် တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ သူ့ရဲ့ တရားရေးအဖွဲ့က အယူခံဝင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ခမ်ဆိုခါဟာ ကမ္ဘောဒီးယားကို နှစ်ပေါင်း ၄၀ နီးပါး အုပ်စိုးနေတဲ့ ဟွန်ဆန်ကို ဖြုတ်ချဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၁၇ ခုနှစ်က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပတ်ထရစ်မာဖီဟာ ဖနွမ်းပင်က ကြားနာပွဲကို တက်ရောက်ခဲ့ပြီး ဒီအမှုဟာ တရားမျှတမှုပျက်ယွင်းတဲ့အမှု ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံသား အားလုံးကို “ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ကို ခံစားခွင့်ပြုဖို့လည်း  သံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။

6 mins Ago

November 12, 2019

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါ နေအိမ်အကျယ်ချုပ်က လွတ်မြောက် 

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ခမ်ဆိုခါ ကိုပြန်လွှတ်ပေးလိုက်တဲ့အပေါ်မှာ  အမေရိကန် သံအမတ် ဒဗလျူပတ်ထရစ်မာဖီက ချီးကျူးပြောဆိုလိုက်ပြီး ဝန်ကြီးချုပ် ဟွန်ဆန် အစိုးရဖိနှိပ်မှုကြောင့် ကျန်တဲ့ ထောင်ကျနေသူတွေကိုလည်း လွှတ်ပေးဖို့  တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေကို  ဟွန်ဆန်အစိုးရက ဖြိုခွင်းပြီးနောက် အီးယူက ကမ္ဘောဒီးယားနဲ့ ပြုလုပ်ထားတဲ့ ဦးစားပေး ကုန်သွယ်ရေး သတ်မှတ်ချက်တွေကို လျှော့ချပစ်ဖို့ စဉ်းစားနေချိန်မှာပဲ အတိုက်အခံခေါင်းဆောင် ခမ်ဆိုခါကို လွှတ်ပေးလိုက်တာပါ။ ဒါဟာ  အတိုက်အခံတဦးဖြစ်တဲ့   ဆမ်ရန်ဆီ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ရောက်လာပြီး နောက်နေ့မှာပဲ  ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ (CNRP) ဥက္ကဋ္ဌ ခမ်ဆိုခါကို နေအိမ် အကျယ်ချုပ်ကနေလွှတ်ပေးလိုက်တာပါ။ ဝန်ကြီးချုပ်ဟွန်ဆန်ကို အာဏာသိမ်းဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီနှစ်အတွင်းမှာ ကမ္ဘောဒီးယားအာဏာပိုင်တွေက  အတိုက်အခံပါတီ ထောက်ခံသူတွေနဲ့ တခြား တက်ကြွလှုပ်ရှားသူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့ပါတယ်။  ဓာတ်ပုံ- AP
3 years Ago
Up