close

ခရစ်တိုငွေကြေး

close

February 8, 2022

ခိုးယူထားသည့် ခရစ်တိုငွေကြေးဖြင့် မြောက်ကိုရီးယားက ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်နေဟုဆို

မြောက်ကိုရီးယားဟာ ခိုးယူထားတဲ့ခရစ်တိုငွေကြေးနဲ့ ကုန်ကျစရိတ်များတဲ့ ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်နေတာလို့  ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားက ဇန်နဝါရီလအတွင်း ကုန်ကျစရိတ်များတဲ့ တိုက်ချင်းပစ်ဒုံးကျည်နဲ့ နျူကလီးယားစမ်းသပ်မှုတွေ လုပ်ခဲ့တာဟာ ဘယ်လိုဝင်ငွေတွေနဲ့ လုပ်ခဲ့သလဲဆိုတာ  စိတ်ဝင်စားစရာတွေ ဖြစ်နေခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတခုမှာ ပြုံယမ်းအစိုးရဟာ ပြီးခဲ့တဲ့နှစ်အတွင်း အရေးကြီးတဲ့ ဝင်ငွေအတော်များများကို ကမ္ဘာ့ ခရစ်တိုငွေကြေး အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းတွေကို ဆိုက်ဘာတိုက်ခိုက်ပြီး ခိုးယူရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ နဲ့ ၂၀၂၁ နှစ်လယ်အကြားမှာ မြောက်ကိုရီးယား ဟတ်ကာတွေက ခရစ်တိုငွေကြေးလုပ်ငန်းသုံးခုကို ဖောက်ထွင်းပြီး ဒေါ်လာ သန်း ၅၀ ကျော် ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လ ဆိုက်ဘာလုံခြုံရေးလုပ်ငန်း Chainalysis ရဲ့ စောင့်ကြည့်အစီရင်ခံစာကလည်း မြောက်ကိုရီးယားက ၂၀၂၁ ခုနှစ်အတွင်း ခရစ်တိုငွေကြေးရောင်းဝယ်လုပ်ငန်းတွေကို ၇ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ ခိုးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ကာကွယ်ရေးဌာနတွေရဲ့ စောင့်ကြည့်မှုအရ ဇန်နဝါရီလအတွင်း မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် ၉ ခု ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

5 mins Ago

February 1, 2022

ခရစ်တိုငွေကြေးဖန်သားပြင်များဖြင့် ဆွဲဆောင်ထားသည့် ထိုင်းကော်ဖီဆိုင်

ထိုင်းနိုင်ငံ နဂရရာဇသီမာ ဒေသနယ်ရှိ ကော်ဖီဆိုင်တဆိုင်ဟာ ခရစ်တိုငွေကြေး (cryptocurrency) ဆိုင်ရာ ဒေတာအချက်လက်တွေဖော်ပြတဲ့ တီဗွီဖန်သားပြင်တွေ တပ်ဆင်ပြီး စားသောက်သူတွေကို  ဆွဲဆောင်ထားပြီး အမြတ်ငွေများစွာ ရရှိနေပါတယ်။

HIP Coffee & Restaurant  ဆိုတဲ့ဆိုင်ဟာ ၂၀၁၃ မှာ စဖွင့်ခဲ့ပေမဲ့ လူသိမများလှပါဘူး။ ၂၀၂၀ မှာ ခရစ်တိုဒေတာ  တီဗွီစခရင်တွေ အများအပြား တပ်ဆင်လိုက်တဲ့နောက်မှာ၊ ခရစ်တိုငွေကြေး စိတ်ဝင်စားသူတွေရော စားသောက်သူတွေပါ ဝင်လာမစဲ  တသဲသဲ ဖြစ်နေတာပါ။ 

တီဗွီမျက်နှာပြင်တွေမှာ ကမ္ဘာ့ခရစ်တိုငွေကြေး အမျိုးမျိုးရဲ့ ဈေးနှုန်းတွေနဲ့ နောက်ဆုံးအခြေအနေ တွေကို ပြထားပါတယ်။

အသက်  ၂၃ နှစ်ရှိ တက္ကသိုလ်ကျောင်းသား ခရစ်တိုရောင်းဝယ်သူ Apakon Putnok က ပြီးခဲ့တဲ့နှစ်တွေမှာ ထိုင်းစီးပွားရေးကျနေချိန် ဒီဆိုင်က သူ့ကို အများကြီး ကူညီခဲ့တယ်လို့ ပြောပါတယ်။ သူက ၅  နှစ်အတွင်း ခရစ်တို ကစားပြီး ဒေါ်လာ  ၁ သိန်းကျော် ရရှိထားသူပါ။

ဆိုင်မန်နေဂျာ ဥက္ကာရဝတ်က ဆိုင်ကိုလာတဲ့သူတွေမှာ သုံးမျိုးသုံးစားရှိပြီး ပထမတမျိုးက ခရစ်တို ကစားမှု ကျွမ်းကျင်ပြီးသားသူတွေ၊ ဒုတိယတမျိုးက ရင်းနှီးမြှုပ်နှံမှု စတင်ချင်လို့ မိတ်သစ်လာဖွဲ့သူတွေ၊ တတိယက ခရစ်တိုအကြောင်း ဘာမှမသိ ဓာတ်ပုံလာရိုက်သူတွေလို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ခရစ်တိုငွေကြေးက အရှိန်အဟုန်ရနေပြီး ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အွန်လိုင်းကနေ ရောင်းဝယ်မှု ဒေါ်လာ ၇ ဒသမ ၆၂ ဘီလီယံ အထိ ရှိတယ်လို့ အစိုးရ ငွေကြေးရောင်းဝယ်မှုဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်က ခရစ်တိုဈေးနှုန်း ကျဆင်းမှုကြေင့် ဈေးကွက်မတည်ငြိမ်မှု ရှိနေပါတယ်။

1 week Ago
Up