close

ခရီးသွားလာမှု ကန့်သတ်

close

November 27, 2021

“အိုမီခရွန်” ကိုရိုနာဗိုင်းရပ်အသစ်ကြောင့် အမေရိကန်က နိုင်ငံ ၈ နိုင်ငံကို ခရီးသွားလာမှုကန့်သတ်

အိုမီခရွန်လို့ နာမည်ပေးထားတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်မျိုးကွဲ အသစ်အန္တရာယ်ကြောင့် အမေရိကန်နိုင်ငံဟာ နိုင်ငံ ၈ နိုင်ငံကို ခရီးသွားလာမှု ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ 

ဗိုင်းရပ်စ်ကုတ်နံပတ် (B.1.1.529)  နိုဗယ်ကိုရိုနာဗိုင်းရပ်အသစ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အမေရိကန်ဟာ တောင်အာဖရိကနဲ့ တခြားနိုင်ငံခုနစ်နိုင်ငံကို တနင်္လာနေ့မှ စတင်ကာ ခရီးသွားလာခွင့် ကန့်သတ်ချက် ချမှတ်မှာဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကို  အိုမီခရွန်လို့ နာမည်ပေးခဲ့ပြီး သူ့ကို စိုးရိမ်စရာ မျိုးကွဲလို့ သတ်မှတ်ခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိကာလဟာ ကျေးဇူးတော်နေ့အားလပ်ရက်ဖြစ်လို့ မိသားစုတွေ ပြန်လည်ဆုံဆည်းကြဖို့  အပြေးအလွှား ခရီးသွားတာတွေနဲ့ များပြားလှတဲ့ စုဝေးပွဲတွေ ရှိနေတဲ့ ကာလ ဖြစ်ပါတယ်။

ကြာသပတေးနေ့က ခရီးထွက်ကြတဲ့ အမေရိကန်နိုင်ငံသား ၂ ဒသမ ၃၁ သန်း ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက အများဆုံး ခရီးထွက်တာပဲလု့ သယ်ယူပို့ဆောင်ရေး လုံခြုံရေး စီမံကွပ်ကဲမှုအရ သိရပါတယ်။ 

တချို့ဒေသတွေမှာ ကာကွယ်ဆေး ထိုးနှုန်းနိမ့်ကျတာကြောင့်  အသစ်ကူးစက်ခံ အတည်ပြု လူနာအရေအတွက်ဟာ အမေရိကန်မှာ တခါ ပြန်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကြာသပတေးနေ့အထိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၇ ရက်အတွင်း နေ့စဉ်အတည်ပြုလူနာ ၉၄၀၀၀  အထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ လထက် ၄၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ 

ခုချိန်ထိတော့ အမေရိကန်မှာ အိုမီခရွန် ကူးစက်မှု မရှိသေးဘူးလို့ (CDC) က ထုတ်ပြန်ထားပါတယ်။ 

10 mins Ago

January 8, 2021

ကိုဗစ်-၁၉ ကူးစက်မှု မြင့်လာသဖြင့် တရုတ်နိုင်ငံ ဟီဘေးပြည်နယ်တွင် ခရီးသွားလာမှု ကန့်သတ်

တရုတ်နိုင်ငံမှာ ၅ လကျော်ကာလအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အမြင့်ဆုံး ရောက်ခဲ့တာမို့ ဇန်နဝါရီ ၇ ရက်မှာ ဟီဘေးပြည်နယ်မြို့တော်အာဏာပိုင်တွေက ခရီးသွားလာမှု ကန့်သတ်တာတွေကို တိုးမြှင့်ဆောက်ရွက်နေပါတယ်။ ဟီဘေးပြည်နယ်ရှိ ပိုးကူးစက်သူ ၅၂ ယောက်မှာ ၅၁ ယောက်က ပြည်တွင်း ကူးစက်မှု ဖြစ်တယ်လို့  အမျိုးသားကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။  အရင်နေ့က ဟီဘေးမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ အယောက် ၂၀ ရှိခဲ့တာပါ။  ဒါကြောင့် ပြည်နယ်မြို့တော် ရှီကျားကျွမ်းမှာ အာဏာပိုင်တွေက ဗိုင်းရပ်စ် ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ ပိုး ရှိ၊ မရှိ စစ်ဆေးမှု အများအပြား လုပ်ဆောင်ပြီး လူစုလူဝေးတွေကို တားမြစ်ခဲ့ပါတယ်။  တရုတ်ပြည်မကြီး တစ်ခုလုံးရဲ့ အသစ်ကူးစက်သူ အရေအတွက်က ၆၃ ယောက် ရှိပြီး အရင်ရက်က ၃၂ ယောက် ရှိပါတယ်။  ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က အသစ်ကူးစက်သူ ၁၂၇ ယောက် တွေ့ပြီးနောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။  ရောဂါလက္ခဏာ မပြဘဲ ကူးစက်သူကလည်း ပထမရက်မှာ ၆၄ ယောက်ကနေ ဇန်နဝါရီ ၇ ရက်မှာတော့ ၇၉ ယောက် ရှိလာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
11 months Ago
Up