close

ခါဆွန်မြို့

close

November 13, 2022

ခါဆွန်မြို့ရှိ နိုဗာခါခေ့ါဗ်ကာ ရေကာတာ ပေါက်ကွဲ

ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆွန်မြို့က နိုဗာ ခါခေ့ါဗ်ကာ  ရေကာတာမှာ ပေါက်ကွဲခဲ့ပုံ ဗွီဒီယိုဖိုင်ကို နိုဝင်ဘာ ၁၂ ရက်မှာ ရုရှားမီဒီယာက ထုတ်လွှင့်ပြသခဲ့ပါတယ်။

အနားက ခါဆွန်မြို့ကနေ ရုရှားတပ်တွေ ပြန်ဆုတ်ပြီးတဲ့နောက် ဆည်အတွက် ထူးထူးခြားခြား အပျက်အစီးအသစ်တွေကို မြင်တွေ့နိုင်တယ်လို့ အမေရိကန် ဂြိုဟ်တုဓာတ်ပုံကုမ္ပဏီ မက်ဇာက နိုဝင်ဘာ ၁၁ ရက်မှာ ပြောခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးဟာ ဖောက်ခွဲရေးပစ္စည်းတွေသုံးပြီး ဆည်ကိုဖောက်ခွဲဖို့ စီစဉ်နေ တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့တာပါ။

မြစ်အောက်ပိုင်းမှာ ဧရိယာအများစု ရေလျှံပြီး ခါဆွန်မြို့အနီးတဝိုက်မှာ ကြီးကြီးမားမား ပျက်စီးမယ့် အလားအလာတွေ ရှိနေပါတယ်။

ရုရှားအစိုးရက အိမ်နီးနားချင်း ယူကရိန်းကို ဖေဖော်ဝါရီနှောင်းပိုင်းမှာ အထူးစစ်ဆင်ရေးလို့ ခေါ်ရင်း ကျူးကျော် တိုက်ခိုက်ခဲ့တာပါ။

ခါဆွန်မြို့ဟာ ဖေဖော်ဝါရီနှောင်းပိုင်းမှာ ရုရှားတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ တခုတည်းသော ဒေသတွင်းမြို့တော် ဖြစ်ခဲ့ပါတယ်။

ဒနစ်ပရို မြစ်ကို ဖြတ်ပြီး ရုရှားက ဆုတ်ခွာအပြီးမှာ တံတားတွေနဲ့ နိုဗာ ခါခေါ့ဗ်ကာ ရေကာတာ အတွက် သိသာထင်ရှားတဲ့ အပျက်အစီးအသစ်တွေကို ဂြိုဟ်တုဓာတ်ပုံတွေက ဖော်ပြနေပါတယ်လို့ မက်ဇာက သတင်းထုတ်ပြန် ထားပါတယ်။

ဆည်နဲ့ ရေထိန်းတံခါးတွေရဲ့ မြောက်ပိုင်း အစိတ်အပိုင်းတွေကို တမင်တကာ ဖျက်ဆီးထားတာ လို့လည်း ဆိုပါတယ်။ ခုသီတင်းပတ် အစောပိုင်းမှာ ယူကရိန်းဟာ ရေကာတာကို ပစ်ခတ်ခဲ့တယ် လို့  ရုရှားက စွပ်စွဲခဲ့ပါတယ်။ 

2 hours Ago

November 10, 2022

ခါဆွန်မြို့မှ ရုရှားတပ်များ ဆုတ်ခွာရန် ကာကွယ်ရေးဝန်ကြီး အမိန့်ပေး

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီ ရွှိုင်ဂူဟာ သူ့တပ်တွေကို ရုရှားကသိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ ခါဆွန်မြို့ကနေ ဆုတ်ခွာပြီး ဒနစ်ပရိုမြစ် တဖက်ကမ်းမှာရှိတဲ့ ခံစစ်လိုင်းတွေကို သိမ်းပိုက်ဖို့ နိုဝင်ဘာ ၉ ရက်က အမိန့်ပေးခဲ့ပါတယ်။

ဒီကြေညာချက်ဟာ ရုရှားရဲ့ အထူးခြားဆုံး ဆုတ်ခွာမှုတခုဖြစ်ပြီး ရုရှားအစိုးရက သူ့ရဲ့ ‘အထူးစစ်ဆင်ရေး’ လို့ခေါ်တဲ့ ၉ လကြာ စစ်ပွဲအတွင်း အလားအလာ အလှည့်အပြောင်းတခု ဖြစ်လာပါတယ်။

စစ်ပွဲတခုလုံးကို ကွပ်ကဲနေတဲ့ ဗိုလ်ချုပ်ကြီး ဆာဂီ ဆူရိုဗစ်ကင်ဟာ ခါဆွန်မြို့ကို ဆက်ထောက်ပံ့ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ရွှိုင်ဂူကို သတင်းပို့ခဲ့တာလို့ ရုပ်သံမှတ်ချက်တွေက ဆိုပါတယ်။

ယူကရိန်းတပ်တွေက ထိုးစစ်ဆင်လာလို့ ရုရှားက မြို့ခံလူဦးရေ တသိန်းကျော်ကို မြစ်ရဲ့ တခြားဘက်ကမ်းမှာ ပြောင်းရွှေ့ နေရာချထားအပြီး သီတင်းပတ်တွေကြာအပြီးမှာ ခုသတင်း ထွက်ပေါ်လာတာပါ။

ခါဆွန်မြို့ဟာ နာမည်တူတဲ့ ဒေသရဲ့ အဓိကမြို့ပါ။ စက်တင်ဘာလမှာ သမ္မတ ဗလာဒီမာပူတင်က ရုရှားပိုင်နက်ထဲ ထာဝရထည့်သွင်းနေတယ်လို့ ကြွေးကြော်ခဲ့တဲ့ ယူကရိန်းဒေသ လေးခုထဲက တခုလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတနန်းတော်က ခုချိန်မှာ ခါဆွန်မြို့ကို ရုရှားအစိုးရရဲ့ နျူးကလီးယား ထီးရိပ်အောက်မှာ နေရာချထားပြီးပြီလို့ ကြေညာထားပါတယ်။

3 days Ago
Up