close

ခါဘစ်

close

February 16, 2022

စီရော်နယ်ဒို အနာဂတ်နှင့်ပတ်သက်ပြီး ကိုယ်တိုင်မေးမြန်းမည်ဟု UFC ချန်ပီယံ ခါဘစ် ပြော

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းသွားမယ်လို့ UFC ချန်ပီယံ ခါဘစ်ကပြောပါတယ်။ 

ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ မျှော်မှန်းသလောက် ဖြစ်မလာခဲ့တာကြောင့် အခုနှစ်ရာသီအကုန်မှာ အသင်းပြောင်းရွှေ့ဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

UFC ဂန္ထဝင်ဖိုက်တာ ခါဘစ်ကတော ရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် အမှန်တကယ် အသင်းပြောင်းရွှေ့ဖြစ်မှာလားဆိုတာ မေးမြန်းသွားမယ်လို့ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာပြောပါတယ်။ 

“သူ ရီးရဲလ်မက်ဒရစ်အသင်းဆီမပြောင်းခင် လပိုင်းအလိုလောက်ကလည်း အသင်းပြောင်းမယ် ဆိုတာ သူပြောပြခဲ့တာကို အမှတ်ရမိတယ်။ ဂျူဗင်တပ်ဆီပြောင်းတဲ့အချိန်တုန်းကလည်း ကျနော့်ကို ပြောခဲ့သေးတယ်။ ဒါပေမဲ့ ကျနော်က ဂျာနယ်လစ်မဟုတ်တာကြောင့် မီဒီယာတွေ မပြောခဲ့ပါဘူး။ ခုချိန်မှတော့ ကျနော် သူ့ကို မေးကြည့်ပါဦးမယ်။ ရိုးရိုးသားသားပြောရရင်တော့ အသင်းမှာ ဆက်ရှိစေချင်တယ်” လို့ ခါဘစ်ကပြောပါတယ်။ 

ရော်နယ်ဒိုဟာ အသက် ၃၇ နှစ်ရှိလာတော့မှာဖြစ်လို့ အကောင်းဆုံး အသက်အရွယ်မဟုတ်တော့ပေမယ့် ခြေစွမ်းပြနေစဲဖြစ်ပြီး လာမယ့်ရာသီမှာ မန်ယူနိုက်တက်က ပြိုင်ဘက်တွေကို ပြဿနာဖြစ်စေလိမ့်မယ်လို့ ခါဘစ်က မှတ်ချက်ပေးသွားပါတယ်။ 

ရုရှား နိုင်ငံသားခါဘစ်ဟာ ပြီးခဲ့တဲ့လပိုင်းက မန်ယူအသင်းရဲ့ အိုးထရတ်ဖို့ဒ်ကိုလာရောက်ပြီး ရော်နယ်ဒို၊ ဆာအဲလက်စ်ဖာဂူဆန်တို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

4 mins Ago

September 4, 2020

မက်ဂရီဂေါနှင့် မကျေပွဲပြန်ထိုးမည်ဟု ခါဘစ်၏ နည်းပြ ပြော

မက်ဂရီဂေါနဲ့ မကျေပွဲပြန်လည်ထိုးသတ်ဖို့ရှိတယ်လို့ လိုက်ဝိတ်တန်းလက်ရှိချန်ပီယံ ခါဘစ်ရဲ့ နည်းပြက ပြောပါတယ်။  အိုင်ယာလန်သား မက်ဂရီဂေါနဲ့ ရုရှားသား ခါဘစ်တို့ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက လိုက်ဝိတ်တန်း ချန်ပီယံရွှေခါးပတ်လုပွဲအဖြစ် ထိုးသတ်ခဲ့ပြီး ခါဘစ်က အလဲထိုးနဲ့ အနိုင်ရခဲ့တာပါ။  The Express သတင်းစာနဲ့ အင်တာဗျူးမှာတော့ မက်ဂရီဂေါက ပြန်လည်ထိုးသတ်ချင်တယ်ဆိုရင် ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ဖို့ရှိပြီး မိမိသာ UFC ဥက္ကဋ္ဌဆိုရင် အဲဒီပွဲကို ပြန်လည်ကျင်းပဖို့ စီစဉ်မယ်လို့ ခါဘစ်ရဲ့ နည်းပြ မန်ဒက်ဇ်ကပြောပါတယ်။  မက်ဂရီဂေါဟာ အခုနှစ် ဇန်နဝါရီလက ထိုးသတ်ခဲ့တဲ့ ဒေါ်နယ်ဆာရုန်းနဲ့ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူကြောင်း ကြေငြာထားတာပါ။  ခါဘစ်ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၄ ရက်က ဂျက်စတင်ဂေ့ဂျီနဲ့ ချန်ပီယံကာကွယ်ပွဲမှာ အနိုင်ရရှိထားပါတယ်။  MMA ပရိသတ်တိုင်းက မက်ဂရီဂေါနဲ့ ခါဘစ်တို့ပွဲကို ပြန်လည်ကြည့်ရူလိုကြပြီး  ဒီအချက်ကြောင့် UFC အနေနဲ့ မကျေပွဲအဖြစ် ပြန်လည်စီစဉ်ပေးလိမ့်မယ်လို့ ခါဘစ်ရဲ့နည်းပြ မက်ဒက်ဇ်က သုံးသပ်ခဲ့ပါတယ်။ 
1 year Ago
Up