close

စီရော်နယ်ဒို အနာဂတ်နှင့်ပတ်သက်ပြီး ကိုယ်တိုင်မေးမြန်းမည်ဟု UFC ချန်ပီယံ ခါဘစ် ပြော

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းသွားမယ်လို့ UFC ချန်ပီယံ ခါဘစ်ကပြောပါတယ်။ 

ရော်နယ်ဒိုဟာ မန်ယူအသင်းမှာ မျှော်မှန်းသလောက် ဖြစ်မလာခဲ့တာကြောင့် အခုနှစ်ရာသီအကုန်မှာ အသင်းပြောင်းရွှေ့ဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

UFC ဂန္ထဝင်ဖိုက်တာ ခါဘစ်ကတော ရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် အမှန်တကယ် အသင်းပြောင်းရွှေ့ဖြစ်မှာလားဆိုတာ မေးမြန်းသွားမယ်လို့ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာပြောပါတယ်။ 

“သူ ရီးရဲလ်မက်ဒရစ်အသင်းဆီမပြောင်းခင် လပိုင်းအလိုလောက်ကလည်း အသင်းပြောင်းမယ် ဆိုတာ သူပြောပြခဲ့တာကို အမှတ်ရမိတယ်။ ဂျူဗင်တပ်ဆီပြောင်းတဲ့အချိန်တုန်းကလည်း ကျနော့်ကို ပြောခဲ့သေးတယ်။ ဒါပေမဲ့ ကျနော်က ဂျာနယ်လစ်မဟုတ်တာကြောင့် မီဒီယာတွေ မပြောခဲ့ပါဘူး။ ခုချိန်မှတော့ ကျနော် သူ့ကို မေးကြည့်ပါဦးမယ်။ ရိုးရိုးသားသားပြောရရင်တော့ အသင်းမှာ ဆက်ရှိစေချင်တယ်” လို့ ခါဘစ်ကပြောပါတယ်။ 

ရော်နယ်ဒိုဟာ အသက် ၃၇ နှစ်ရှိလာတော့မှာဖြစ်လို့ အကောင်းဆုံး အသက်အရွယ်မဟုတ်တော့ပေမယ့် ခြေစွမ်းပြနေစဲဖြစ်ပြီး လာမယ့်ရာသီမှာ မန်ယူနိုက်တက်က ပြိုင်ဘက်တွေကို ပြဿနာဖြစ်စေလိမ့်မယ်လို့ ခါဘစ်က မှတ်ချက်ပေးသွားပါတယ်။ 

ရုရှား နိုင်ငံသားခါဘစ်ဟာ ပြီးခဲ့တဲ့လပိုင်းက မန်ယူအသင်းရဲ့ အိုးထရတ်ဖို့ဒ်ကိုလာရောက်ပြီး ရော်နယ်ဒို၊ ဆာအဲလက်စ်ဖာဂူဆန်တို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up