close

ခါရ်ကိဗ်မြို့

close

March 23, 2022

နာဇီချွေးတပ်စခန်းမှ လွတ်မြောက်ခဲ့သည့် ယူကရိန်းအဘိုးအို ရုရှားဗုံးထိမှန် သေဆုံး

ဒုတိယကမ္ဘာစစ်အတွင်း နာဇီချွေးတပ်စခန်းမှ လွတ်မြောက်လာသူ အသက် ၉၆ နှစ်ရှိ ယူကရိန်းအဘိုးအိုဟာ ပြီးခဲ့တဲ့ရက်ပိုင်း ခါရ်ကိဗ်မြို့ကို ရုရှားတွေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိပြီး ကွယ်လွန်ခဲ့ပါတယ်။

ဘောရစ်ရိုမန်ချန်ကို အမည်ရှိ အဘိုးအိုဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့ရဲ့ ချွေးတပ်စခန်းနှစ်ခုမှာ နေခဲ့ရပြီး အသက်ရှင်ကျန်သူပါ။ အသက် ၉၆ နှစ်အထိ ကျန်းကျန်းမာမာ ရှိနေပေမဲ့ မတ်လ ၂၁ ရက် ရုရှားတို့ ကြဲချတဲ့ဗုံး သူ့အိမ်ပေါ်ကျပြီး သေဆုံးသွားတာပါ။

ရိုမန်ချန်ကိုကို ခါရ်ကိဗ်မြို့မှာ ၁၉၂၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်မှာ နာဇီတို့ရဲ့ ဖမ်းဆီးခံရပြီး ဒေါ့မွန်မြို့ ချွေးတပ်စခန်းရှိ မိုင်းလုပ်ငန်းကို ပို့ဆောင်ခံရပါတယ်။ ထွက်ပြေးဖို့ကြိုးစားတာ မအောင်မမြင် ဖြစ်ပြီးနောက် ၁၉၄၃ မှာ ဘူချန်ဝေါလ် ချွေးတပ်စခန်းကို ထပ်အပို့ခံရပါတယ်။

အဲဒီချွေးတပ်စခန်းမှာ လူ ၅၃၀,၀၀၀ သေဆုံးခဲ့ပေမဲ့ ရိုမန်ချန်ကိုကတော့ အသက်ရှင် လွတ်မြောက်လာခဲ့တာပါ။

သမိုင်းမှတ်တမ်းကြီးမားတဲ့ပုဂ္ဂိုလ် ရုရှားတို့ကြောင့် သေဆုံးခဲ့ရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ယူကရိန်းအစိုးရက ကြေညာချက်ထုတ်ပါတယ်။

16 mins Ago

March 17, 2022

ခါရ်ကိဗ်မြို့ ဈေးနှင့် ပညာရေးပစ္စည်း သိုလှောင်ရုံကို ရုရှားဗုံး ကျရောက်ပေါက်ကွဲ၊ ၃ ဦးသေဆုံး

ယူကရိန်းနိုင်ငံ ဒုတိယမြို့တော် ခါရ်ကိဗ်ရဲ့ ဈေးတခုကို ရုရှားတို့ပစ်ခတ်တဲ့ဗုံး ကျရောက်ပေါက်ကွဲတာကြောင့် လူ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဈေးထဲရှိ အစားအစာနဲ့ ကျောင်းသုံးပစ္စည်း သိုလှောင်ထားတဲ့ ဂိုဒေါင်တခုပေါ် ဗုံးကျပြီး မီးလောင်ခဲ့ကာ မီးသတ်တပ်ဖွဲ့က အချိန်အတော်ကြာအောင် မီးငြှိမ်းခဲ့ရတာပါ။
မီးသတ်သမားတဦး ဒဏ်ရာရရှိပြီး လူနာတင်ကားနဲ့ သယ်ဆောင်သွားကာ အခြား ပညာရေးဌာနရုံး တခုကိုလည်း ဗုံးထိမှန်ခဲ့တယ်လို့ ပညာရေးဌာန ဒါရိုက်တာ လီလိုင်ယာ ရှာလေးက ပြောပါတယ်။
“ကျောင်းတွေကို ဘာဖြစ်လို့ လိုက်ဖျက်ဆီးနေတာလဲ၊ ရုရှားကျူးကျော်သူတွေက ကျောင်းတွေကို ဘာလို့ ဖျက်ဆီးနေတာလဲ၊ ဘယ်လိုမှ နားမလည်နိုင်ဘူး။”

6 days Ago
Up