close

နာဇီချွေးတပ်စခန်းမှ လွတ်မြောက်ခဲ့သည့် ယူကရိန်းအဘိုးအို ရုရှားဗုံးထိမှန် သေဆုံး

ဒုတိယကမ္ဘာစစ်အတွင်း နာဇီချွေးတပ်စခန်းမှ လွတ်မြောက်လာသူ အသက် ၉၆ နှစ်ရှိ ယူကရိန်းအဘိုးအိုဟာ ပြီးခဲ့တဲ့ရက်ပိုင်း ခါရ်ကိဗ်မြို့ကို ရုရှားတွေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိပြီး ကွယ်လွန်ခဲ့ပါတယ်။

ဘောရစ်ရိုမန်ချန်ကို အမည်ရှိ အဘိုးအိုဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့ရဲ့ ချွေးတပ်စခန်းနှစ်ခုမှာ နေခဲ့ရပြီး အသက်ရှင်ကျန်သူပါ။ အသက် ၉၆ နှစ်အထိ ကျန်းကျန်းမာမာ ရှိနေပေမဲ့ မတ်လ ၂၁ ရက် ရုရှားတို့ ကြဲချတဲ့ဗုံး သူ့အိမ်ပေါ်ကျပြီး သေဆုံးသွားတာပါ။

ရိုမန်ချန်ကိုကို ခါရ်ကိဗ်မြို့မှာ ၁၉၂၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်မှာ နာဇီတို့ရဲ့ ဖမ်းဆီးခံရပြီး ဒေါ့မွန်မြို့ ချွေးတပ်စခန်းရှိ မိုင်းလုပ်ငန်းကို ပို့ဆောင်ခံရပါတယ်။ ထွက်ပြေးဖို့ကြိုးစားတာ မအောင်မမြင် ဖြစ်ပြီးနောက် ၁၉၄၃ မှာ ဘူချန်ဝေါလ် ချွေးတပ်စခန်းကို ထပ်အပို့ခံရပါတယ်။

အဲဒီချွေးတပ်စခန်းမှာ လူ ၅၃၀,၀၀၀ သေဆုံးခဲ့ပေမဲ့ ရိုမန်ချန်ကိုကတော့ အသက်ရှင် လွတ်မြောက်လာခဲ့တာပါ။

သမိုင်းမှတ်တမ်းကြီးမားတဲ့ပုဂ္ဂိုလ် ရုရှားတို့ကြောင့် သေဆုံးခဲ့ရတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ယူကရိန်းအစိုးရက ကြေညာချက်ထုတ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up