close

ခိုက်ရန်ဖြစ်

close

January 8, 2023

မောင်တော၌ နယ်ခြားစောင့်အချင်းချင်း ခိုက်ရန်ဖြစ်ပြီး လက်ပစ်ဗုံးဖြင့်ပစ်ခတ်၊ ၂ ဦးသေဆုံး ၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင်စခန်းမှ နယ်ခြားစောင့်တွေ ဇန်နဝါရီ ၆ ရက်နေ့ညက ဖဲကစားရန်ဖြစ်ကြရာမှ လက်ပစ်ဗုံးနဲ့ ပစ်ခတ်ပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ နယ်ခြားစောင့်အရာရှိတဦးက အတည်ပြုပြောပါတယ်။

"ဝိုင်းဖွဲ့ပြီး ဖဲကစားကြတာ။ ဖဲအငြင်းပွားပြီး ဒုတပ်ကြပ် လင်းလင်းက လက်ပစ်ဗုံးကိုဖြုတ်ပြီး ဖဲဝိုင်းမှာချလိုက်တာ။ အဲဒီလက်ပစ်ဗုံးကို ဒုတပ်ကြပ်သက်ပိုင်ထွန်းက ပြန်ကောက်ပြီး အဝေးကိုပစ်တယ်။ အဝေးကိုမရောက်ဘဲ သူတို့ ဖဲဝိုင်းမှာပြန်ကျပြီး သက်ပိုင်ထွန်းက ပွဲချင်းပြီး သေဆုံးသွားတယ်။ လက်ပစ်ဗုံးဖြုတ်ချတဲ့ လင်လင်းကို ဆေးရုံသယ်သွားတာ လမ်းမှာ သေဆုံးသွားတာ။" 

ဗုံးပေါက်ကွဲမှုကြောင့် ဒုတပ်ကြပ် သက်ပိုင်ထွန်းမှာ ရင်ဘတ်၊ လည်ပင်းနဲ့ မျက်နှာ ဗုံးစထိမှန် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး လက်ပစ်ဗုံးနဲ့ ပစ်တဲ့ ဒုတပ်ကြပ်လင်းလင်းကတော့ ဝဲ/ယာခြေသလုံး ဗုံးစထိမှန်ဒဏ်ရာတွေနဲ့ မောင်တောဆေးရုံပို့ ဆောင်စဥ် လမ်းခုလတ်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

"ဒဏ်ရာရတဲ့ တပ်သား ၅ ဦးမှာ ၄ ဦးက ဒဏ်ရာပြင်းပြီးစိုးရိမ်ရတယ်။ ၂ ဦးကတော့ ဘူးသီးတောင်ဆေးရုံကို ယူသွားတယ်။ ကျန် ၃ ဦးက မောင်တောဆေးရုံမှာ ဆေးကုသနေတယ်" လို့ အရာရှိက ပြောပါတယ်။

ဒုတပ်ကြပ်အောင်ကျော်စိုး၊ တပ်သား သက်ကိုအောင်၊ တပ်သားရှိုင်းမင်းခန့်၊ ရဲတပ်သား နေလင်းထွန်းတို့ ပြင်းထန်ဒဏ်ရာရခဲ့ကြပြီး ရဲတပ်သား ဝင်းကိုကိုကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့်စခန်းမှာ အင်အား ၁၀၀ ကျော်ရှိတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

10 mins Ago

August 20, 2022

ခိုက်ရန်ဖြစ်ပွားခဲ့သည့် နည်းပြတူချယ်နှင့် ကွန်တီတို့ ပွဲပယ်နှင့် ဒဏ်ကြေးများ ချမှတ်ခံရ

ချဲလ်ဆီးနဲ့ စပါးအသင်းတို့ ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ နည်းပြတူချယ်နဲ့ ကွန်တီတို့ဟာ ပွဲပယ်နဲ့ဒဏ်ကြေးတွေ အသီးသီးချမှတ်ခံရပါတယ်။

နည်းပြနှစ်ဦးဟာ တနင်္ဂနွေနေ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီမှာ ကတောက်ကဆဖြစ်ခဲ့ပြီး ကြိမ်ဖန်များစွာ အချင်းများခဲ့ကြပါတယ်။

ဂိုးသွင်းယူပြီးချိန်တွေမှာ တစ်ဦးနဲ့တစ်ဦး မခံချင်အောင် အလွန်အကျူးအောင်ပွဲခံခဲ့သလို ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး တွန်းထိုးခဲ့ကြပါတယ်။

အဆိုးဆုံးကတော့ ပွဲပြီးလို့ လက်ဆွဲနှုတ်ဆက်ချိန်မှာ နည်းပြတူချယ်က ကွန်တီရဲ့လက်ကို မလွှတ်တော့ဘဲ ဆွဲထားခဲ့လို့ ရန်ပွဲကပိုမိုကြီး မားလာခဲ့ရတာပါ။

အင်္ဂလန်အက်ဖ်အေကတော့ ချဲလ်ဆီးနည်းပြတူချယ်ကို တစ်ပွဲပယ်နဲ့ ဒဏ်ကြေး ပေါင် ၃၅,၀၀၀  ချမှတ်ခဲ့ပြီး စပါးနည်းပြကွန်တီကိုတော့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ဒဏ်ကြေးပေါင် ၁၅,၀၀၀ ချမှတ်ခဲ့ပါတယ်။ 

5 months Ago
Up