close

ခိုက်ရန်ဖြစ်ပွားခဲ့သည့် နည်းပြတူချယ်နှင့် ကွန်တီတို့ ပွဲပယ်နှင့် ဒဏ်ကြေးများ ချမှတ်ခံရ

ချဲလ်ဆီးနဲ့ စပါးအသင်းတို့ ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ နည်းပြတူချယ်နဲ့ ကွန်တီတို့ဟာ ပွဲပယ်နဲ့ဒဏ်ကြေးတွေ အသီးသီးချမှတ်ခံရပါတယ်။

နည်းပြနှစ်ဦးဟာ တနင်္ဂနွေနေ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီမှာ ကတောက်ကဆဖြစ်ခဲ့ပြီး ကြိမ်ဖန်များစွာ အချင်းများခဲ့ကြပါတယ်။

ဂိုးသွင်းယူပြီးချိန်တွေမှာ တစ်ဦးနဲ့တစ်ဦး မခံချင်အောင် အလွန်အကျူးအောင်ပွဲခံခဲ့သလို ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး တွန်းထိုးခဲ့ကြပါတယ်။

အဆိုးဆုံးကတော့ ပွဲပြီးလို့ လက်ဆွဲနှုတ်ဆက်ချိန်မှာ နည်းပြတူချယ်က ကွန်တီရဲ့လက်ကို မလွှတ်တော့ဘဲ ဆွဲထားခဲ့လို့ ရန်ပွဲကပိုမိုကြီး မားလာခဲ့ရတာပါ။

အင်္ဂလန်အက်ဖ်အေကတော့ ချဲလ်ဆီးနည်းပြတူချယ်ကို တစ်ပွဲပယ်နဲ့ ဒဏ်ကြေး ပေါင် ၃၅,၀၀၀  ချမှတ်ခဲ့ပြီး စပါးနည်းပြကွန်တီကိုတော့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ဒဏ်ကြေးပေါင် ၁၅,၀၀၀ ချမှတ်ခဲ့ပါတယ်။ 

//
Up