close

ခီမောင်နှံ

close

January 15, 2022

နွေဦးတော်လှန်ရေးအတွက် ခီမောင်နှံက မင်္ဂလာအမှတ်တရ ဆွဲကြိုးနှင့် နားကပ်ရောင်းချ

မြန်မာ့နွေဦးတော်လှန်ရေးအတွက် အမေရိကန်နိုင်ငံရောက် သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့ ခရစ္စတီးနားခီ ဇနီးမောင်နှံက သူတို့ရဲ့ မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့်အမှတ်တရ ဆွဲကြိုးနဲ့ နားကပ်ကို ရန်ပုံငွေရှာဖွေရောင်းချသွားမယ်လို့ ဆိုပါတယ်။

“ကိုဇဏ်က ခရစ္စကို မင်္ဂလာသက်တမ်း ၁၃ နှစ်မြောက်မှာ surprise လက်ဆောင်လေးအနေနဲ့ အခုပုံထဲမှာ ဝတ်ပြထားတဲ့ ဆွဲကြိုးလေးနဲ့ နားကပ်လေး ပေးခဲ့ပါတယ်။ Fundraising လုပ်ဖို့ ပစ္စည်းလေးတွေ စဉ်းစားလိုက်တဲ့အခါမှာ အဲဒီပစ္စည်းလေးနဲ့ စလုပ်ချင်တယ်လို့ ခရစ္စက ကိုဇဏ်ကို ပြောပြပြီး ခွင့်တောင်းလိုက်တော့ သူကလည်း ကြည်ကြည်ဖြူဖြူပဲ လုပ်ပါလို့ ပြောပါတယ်။”

Fundraising ကာလကိုတော့ ဇန်နဝါရီ ၁၅ ရက်ကနေ ၁၉ ရက်အထိ ၅ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်တွေ ဝယ်ယူချင်တယ်ဆိုရင်တော့ Chat Box ကတဆင့် စုံစမ်းဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

လက်မှတ်စျေးနှုန်းတွေကိုတော့ နိုင်ငံအလိုက် သတ်မှတ်ထားပြီး မြန်မာနိုင်ငံက ဝယ်ယူမယ် ဆိုရင်တော့ တစောင်ကို ကျပ် ၁ သောင်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ကာ အမေရိကန်မှာတော့ တစောင်ကို ၆ ဒေါ်လာ၊ ထိုင်းနိုင်ငံမှာတော့ ဘတ် ၂၀၀၊ စင်ကာပူနိုင်ငံကတော့ ၁၀ ဒေါ်လာ၊ ကိုရီးယားနိုင်ငံက ဆိုရင် ဝမ် ၇,၀၀၀၊ တခြားသော နိုင်ငံတခုခုကဆိုရင် ၆ ဒေါ်လာ အသီးသီး သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

“ချစ်ခြင်းမေတ္တာဟာ အင်အားကြီးတဲ့ခွန်အားတခု ဖြစ်စေတယ်လို့ ကိုဇဏ်နဲ့ ခရစ္စကတော့ ယုံကြည်ပါတယ်။ ဒီချစ်ခြင်းမေတ္တာတွေအပြည့်ပါတဲ့ မင်္ဂလာချစ်သက်လက်ဆောင်ကို နိုင်ငံရဲ့ လိုအပ်တဲ့နေရာတွေမှာ မျှဝေပေးချင်ပါတယ်။ ကိုဇဏ်နဲ့ ခရစ္စတို့နဲ့အတူတူ မျှဝေကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ အားလုံး Good Luckပါ!!😘”

၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်က  မင်္ဂလာဒုံလေဆိပ်မှာ MAI လေကြောင်း ခရီးစဉ် အမှတ် 8M-335 နဲ့ ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ လိုက်ပါမယ့် မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဇဏ်ခီတို့ မိသားစုကို စစ်ကောင်စီက တားမြစ်ခဲ့ပြီး နောက်ပိုင်းမှာမှ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

14 mins Ago

October 6, 2020

ခီမောင်နှံ၏ “ထာဝရနှောင်ကြိုး”ရုပ်ရှင် အခပေးရုပ်သံလိုင်းမှ ပြသမည်(နမူနာ)

       ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံ ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ “ထာဝ ရနှောင်ကြိုး”ရုပ်ရှင်ကားကြီးကို CANAL+ အခပေးရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွား မယ်လို့ သိရပါတယ်။        ဒီရုပ်ရှင်ကိုတော့ Central Base Productions က စီစဉ်ပြီး လူငယ် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက သူ့ရဲ့ တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့ တာ ဖြစ်ပါတယ်။ အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ တော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထား ကြတာဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူးဂျူးကေနဲ့ က လေးသရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ မုဒြာရဲ့ခေါ်သံ၊ ပရိသတ်တွေကြား ပွဲဆူစေခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးလက်ခံ မှုရရှိထားတဲ့ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ကားကရော ဘယ်လိုထွက်ရှိလာမ လဲ၊ မီ ရုပ်ရှင်ကားနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီဆုရှင် ပိုင်ဖြိုးသုနဲ့ ခီမောင်နှံရဲ့ ပူးပေါင်းဖန်တီးမှုက ဘယ်လိုတွေ ဖြစ်လာလိမ့်မလဲ ဆိုတာကို လည်း ပရိသတ်တွေက ရုံမတင်ခင်ကတည်းက စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ရုံတင်ပြသ ချိန်မှာလည်း အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ ဇာတ်ကား ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းနဲ့ တေးဂီတဖန်တီးမှုတွေ ပါဝင်တဲ့ Original Soundtrack အယ်လ်ဘမ်ကို ရောင်းချခဲ့ချိန်မှာလည်း ရက်ပိုင်းအတွင်း အယ်လ်ဘမ်ချပ် ရေ သောင်းနဲ့ချီ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတေးအယ်လ်ဘမ်ထဲမှာတော့ အမြဲတမ်း၊ In your Eyes၊ ကယ်တင်ရှင်၊ လူ ယောင်ဆောင်၊ ဖြတ်လိုက်တော့၊ Putao၊ Mother၊ Now & Ever Theme Music၊ ရှင်သန်ခြင်း ရဲ့အဓိပ္ပါယ်(အချစ်ကြောင့်)စတဲ့ Track ၉ ပုဒ် ပါဝင်ပါတယ်။ “ထာဝရနှောင်ကြိုး”ရုပ်ရှင်ကားဟာ အကယ်ဒမီ ဆန်ကာတင်စာရင်းမှာလည်း ပါဝင်နေခဲ့ တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီကားကို လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့ည ၈ နာရီမှာ CANAL+ ZAT LENN ရုပ်သံလိုင်းကနေ ပြသပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပါ တယ်။
1 year Ago
Up