close

ခဲယမ်းမီးကျောက်

close

October 12, 2022

ယူကရိန်းရှိ ရုရှားတပ်ဖွဲ့ဝင်များ ခဲယမ်းမီးကျောက်ပြတ်လပ်လာ

ယူကရိန်းစစ်ပွဲ ၇ လကျော်ကြာပြီးတဲ့နောက် ယူကရိန်းမှာရှိတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေမှာ ခဲယမ်းမီးကျောက်တွေ ပြတ်လပ်ကုန်ပြီလို့ ဗြိတိန်သူလျှိုအေဂျင်စီ GCHQ ရဲ့ အကြီးအကဲက အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်းမှာ စစ်ဆင်ရေးစတည်းက စက်ပစ္စည်းတွေနဲ့ ဝန်ထမ်းတွေ အဆုံးအရှုံးက အံ့မခန်းများနေတယ်လို့ GCHQ ထောက်လှမ်းရေးအေဂျင်စီရဲ့ ဒါရိုက်တာ ဂျေရေမီ ဖလဲမင်းက ပြောပါတယ်။

“အကျဉ်းသားတွေကို စစ်ကူအဖြစ်သုံးတာနဲ့ အတွေ့အကြုံမရှိတဲ့ စစ်မှုထမ်း ထောင်ပေါင်းများစွာကို စည်းရုံးတာဟာ အလွန်အမင်း စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတရပ်ကို ပြောနေတာ” လို့ Royal United Services Institute ရဲ့ နှစ်စဉ် လုံခြုံရေးဆိုင်ရာ ဟောပြောပွဲမှာ ဖလဲမင်းက ပြောပါတယ်။

ရုရှားပြည်သူတွေဟာလည်း ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ ဆိုးရွားတဲ့ အခြေအနေကို နားလည်လာနေပြီ၊ ပူတင်က အခြေအနေကို ဘယ်လောက်ဆိုးဆိုးရွားရွား လွဲလွဲမှားမှား သုံးသပ်နေလဲဆိုတာ သူတို့မြင်နေရတယ်လို့လည်း GCHQ ရဲ့ အကြီးအကဲက ပြောပါတယ်။

2 mins Ago

September 7, 2022

မြောက်ကိုရီးယားထံမှ ခဲယမ်းမီးကျောက်များရရန် ရုရှားကြိုးစားနေ

ရုရှားအစိုးရဟာ မြောက်ကိုရီးယားဆီကနေ ခဲယမ်းမီးကျောက်တွေရဖို့ ကြိုးစားနေတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က စက်တင်ဘာ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီလုပ်ရပ်ဟာ ယူကရိန်းအပေါ် ကျူးကျော်မှုကို ဆက်ထိန်းထားဖို့ ရုရှားရဲ့ စိန်ခေါ်မှုတွေကို ညွှန်ပြနေတယ်လို့  ပင်တဂွန် သတင်းထုတ်ပြန်ရေးအတွင်းဝန် ဗိုလ်မှူးချုပ် ပတ်ထ် ရိုက်ဒါက ပြောပါတယ်။

ပြီးခဲ့တဲ့လက ရုရှားရဲ့ အီရန်လုပ် ဒရုန်းတွေ အများအပြား ပျက်စီးခဲ့တယ်လို့လည်း အမေရိကန် အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ရုရှားဟာ မိုဟာဂျာ ၆ နဲ့ ရှိဟိဒ် စီးရီးထဲက မောင်းသူမဲ့လေယာဉ် (UAV) တွေ ရာနဲ့ချီဝယ်ဖို့ စီစဉ်ထားနိုင်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

ယူကရိန်းဟာ ကျူးကျော်မှု အစောပိုင်းကတည်းက ရုရှားသိမ်းပိုက်ထားတဲ့ ခါဆွန်ဒေသ အပါအဝင် နေရာအများအပြားမှာ မကြာသေးမီက တန်ပြန်ထိုးစစ်တွေ စတင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ရာမှာ အမြောက်နဲ့ ခဲယမ်းမီးကျောက်တွေ သိုလှောင်ထားတဲ့ ရုရှားထောက်ပံ့ရေးနယ်မြေတွေကို ယူကရိန်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ယူကရိန်းမှာ ပျက်စီးသွားတဲ့ မော်တော်ကားတွေနဲ့ လက်နက်တွေကို အစားထိုးဖို့ ရုရှားရဲ့အစွမ်းအစကို ကန့်သတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

1 month Ago
Up