close

ချက်သမ္မတနိုင်ငံ

close

September 29, 2022

ချက်သမ္မတနိုင်ငံတွင် အစိုးရ နုတ်ထွက်ရန် လူထုသောင်းချီ တောင်းဆိုဆန္ဒပြ

ချက်နိုင်ငံမြို့တော်ပရာ့ဂ်မှာ အစိုးရရဲ့ စွမ်းအင်အကျပ်အတည်းအပေါ် တုံ့ပြန်မှုနဲ့ ယူကရိန်းကို လက်နက်တွေထောက်ပံ့ပေးနေတဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကြီးတခု စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို The Czech Republic အဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး မနေ့ မွန်းလွဲပိုင်းမှာ ပရာ့ဂ်မြို့ ဝမ်န်ဆလ်စ်ရင်ပြင်က လူထုစုဝေးပွဲမှာ လူ ၁၀,၀၀၀ နီးပါးလောက် ပါဝင်တက်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စွမ်းအင်အကျပ်အတည်းကို စီမံခန့်ခွဲဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲခံထားရတဲ့ အစိုးရ နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြကြပါတယ်။

သူတို့ဟာ ရုရှားဓာတ်ငွေ့ ရောင်းချသူတွေနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိသူတွေကို  စွမ်းအင်ဈေးနှုန်း လျှော့ချပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် စစ်ရေးဆိုင်ရာကြားနေမှုကို ထိန်းသိမ်းဖို့အတွက် နေတိုးအဖွဲ့ကနေ နုတ်ထွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အလားတူ တောင်းဆိုဆန္ဒပြပွဲတွေကို ဒုတိယအကြီးဆုံးမြို့ ဘရ်နို၊ ပလ်ဇင်န်နဲ့ လိဘရက်စ် အပါအဝင် ချက်နိုင်ငံ မြို့ကြီးတွေမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ဆန္ဒပြပွဲဟာ ချက်သမ္မတနိုင်ငံမှာ တလအတွင်း ဒုတိယအကြိမ်မြောက် ဆန္ဒပြပွဲဖြစ်ပါတယ်။

စက်တင်ဘာလ အစောပိုင်းက မြို့တော်မှာ လူပေါင်း ၇၀,၀၀၀ လောက် တက်ရောက်ခဲ့တဲ့ အလားတူ ဆန္ဒပြပွဲကို ကျင်းပခဲ့ပြီး ဆန္ဒပြသူတွေဟာ အစိုးရရဲ့ အနောက်လိုလားတဲ့ မူဝါဒတွေဟာ ချက်အကျိုးစီးပွားကို ထိခိုက်စေတာ၊ ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခမှာ ပါဝင်ပတ်သက်တာ၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်တာနဲ့ မြင့်မားတဲ့ စွမ်းအင်စျေးနှုန်းတွေနဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မလုပ်ဆောင်တာတွေကို  ဝေဖန်ခဲ့ကြပါတယ်။

8 mins Ago

November 1, 2021

ချက်သမ္မတနိုင်ငံတွင် ပေ ၃၀၀၀ ကျော် အမြင့်မှ ကေဘယ်လ်ကား ပြတ်ကျပြီး ၁ ဦး သေဆုံး

ချက်သမ္မတနိုင်ငံမြောက်ပိုင်း လီဘဲရက်ခ်မြို့မှာ အောက်တိုဘာ ၃၁ ရက်က ကေဘယ်လ်ကား တစီး ကြိုးတန်းကနေ ပြုတ်ကျခဲ့အပြီး လူ တယောက် သေဆုံးခဲ့ပါတယ်။

တခြားလူတွေကိုတော့ တခြားကေဘယ်ကားတွေကနေ ကယ်ထုတ် နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး ဌာန ပြောခွင့်ရက ပြောပါတယ်။

ပေ ၃၃၀၀ မြင့်တဲ့ တောင်ပေါ် ကေဘယ်ကား ကြိုးတန်းမှာ ကား၂ စီးပါပြီး ဝန်ထမ်းတယောက်က လူကိုယ်တိုင် ကိုင်တွယ် မောင်းနှင်ပါတယ်။

ကေဘယ်ကားပေါ်က လူတယောက် ဒဏ်ရာကြောင့် သေဆုံးပြီး တခြားတဖက်က ကေဘယ်ကား ပေါ်က လူ ၁၄ ယောက်ကိုတော့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ အာဏာပိုင်တွေက ဒီကိစ္စကို အမှုဖွင့်ပြီး စုံစမ်းစစ်ဆေး နေပါတယ်။

11 months Ago
Up